Sunday 13 May 2012

ထွန်းသစ်စအရှေ့အာရှနိုင်ငံများတွင် ငွေလဲလှယ်နှုံး အတက်အကျလှုပ်ရှားမှုက နိုင်ငံခြားပို့ကုန်တင်ပို့မှုပေါ်အကျိုးသက်ရောက်မှု နှင့် ဘဏ္ဍာရေးစံနစ်ဖွံ့ဖြိုးတိုးတက်မှု၏အခန်းကဏ္ဍ

ဒီသုတေသန စာတမ်းကတော့ စာရေးသူရဲ့ ပါရဂူဘွဲ့ယူစာတမ်းထဲက အခန်းတခုပေါ်မှာ အခြေခံထားတာပါ။ အပြည်ပြည်ဆိုင်ရာစီးပွားရေးမှာ သုတေသီအများ လက်ခံထားတဲ့ အချက်တခုကတော့ ငွေလဲလှယ်နှုံး အတက်အကျလှုပ်ရှားမှု သိပ်မြန်ဆန်ရင် ပို့ကုန်သွင်းကုန်ကဏ္ဍကို ထိခိုက်စေနိုင်တယ် ဆိုတာပါဘဲ။ စီးပွားရေး သီအိုရီတွေအရတော့  ပို့ကုန်သွင်းကုန်ကဏ္ဍဟာ စွန့်စားရမှုကြီးမားပြီး ငွေလဲလှယ်နှုံး အတက်အကျမြန်ဆန်မှုက ပို့ကုန်သွင်းကုန်မှ အမြတ်အစွန်းရရှိနိင်ချေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီသုတေသန စာတမ်းမှာ နိုင်ငံတနိုင်ငံရဲ့ ဘဏ္ဍာရေးစံနစ်ဖွံ့ဖြိုးတိုးတက်မှုအဆင့်က ငွေလဲလှယ်နှုံး အတက်အကျလှုပ်ရှားမှုကြောင့် ပို့ကုန်သွင်းကုန်ကဏ္ဍတိုးတက်မှုနှေးကွေးရခြင်းကို ဘယ်လိုအကျိုး သက်ရောက်မှုရှိစေတယ်ဆိုတာကို  ထွန်းသစ်စအရှေ့အာရှ (၅) နိုင်ငံက အချက်အလက်တွေကို ဘောဂဗေဒတွက်ချက်မှုနည်းစံနစ် (Panel Data Econometrics) ကိုအသုံးပြုပြီး  လေ့လာဆန်းစစ် ထားတာဖြစ်ပါတယ်။ ဒီစာတမ်းမှာ တွေ့ရှိချက်ကတော့  ငွေလဲလှယ်နှုံး အတက်အကျ လှုပ်ရှားမှုမြန် ဆန်ခြင်းကြောင့် နိုင်ငံခြားပို့ကုန်တင်ပို့မှု ကျဆင်းရတဲ့ အကျိုးဆက်ကို ဘဏ္ဍာရေးစံနစ်ဖွံ့ဖြိုးတိုးတက်မှုအဆင့်နိမ့်ကျတဲ့ နိုင်ငံတွေမှာ ပိုပြီးတွေ့ကြုံရတယ်ဆိုတာပါဘဲ။

Abstract

Non-linear effect of exchange rate volatility on exports: The role of financial sector development in emerging East Asian economies

Myint Moe Chit and Amrit Judge
Department of Economics and Statistics, Middlesex University Business School, London, UK

This paper empirically examines the role of financial sector development in influencing the impact of exchange rate volatility on the exports of five emerging East Asian countries – China, Indonesia, Malaysia, the Philippines and Thailand – using a GMM-IV estimation method. The results indicate that the effect of exchange rate volatility on exports is conditional on the level of financial sector development. The less financially developed an economy the more its exports are adversely affected by exchange rate volatility. In addition, a stable exchange rate seems to be a necessary condition to achieve export promotion via a currency depreciation in these economies.

Key words: East Asia; Exports; Exchange rate volatility; Financial sector development
JEL Classification: F13; F14; F31; O16

 Chit, M. and Judge, A. (2011) ‘Non-linear effect of exchange rate volatility on exports and the role of financial sector development: Evidence from the emerging East Asian economies’, International Review of Applied Economics, 25(1), pp. 107-119. http://www.tandfonline.com/doi/abs/10.1080/02692171.2010.483463#preview

No comments:

Post a Comment