Sunday 13 May 2012

စီးပွားရေးလုပ်ငန်းကို တစ်ခုစတင်ဖို့ သင်အဆင်သင့်ဖြစ်ပြီလား၊

လူတော်တော်များများမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စိတ်ကူးရှိကြပါတယ်။ ဒါပေမယ့် လုပ်ငန်း တစ်ခုကို တကယ် စတင်မလုပ်ခင်မှာ ကိုယ်ဟာ စီးပွားရေးလုပ်ငန်းရှင် (Entrepreneur) တယောက် အနေနဲ့ အဆင်သင့် ဖြစ်မဖြစ်သိအောင် အောက်မှာဖေါ်ပြ ထားတဲ့ မေးခွန်း ၂၀ ကိုဖြေဆိုကြည့်ပါ။

၁။  စီးပွားရေးလုပ်ငန်း တစ်ခုစဖို့လိုအပ်တဲ့ ငွေ၊ အချိန်နဲ့ တခြားအရင်းအမြစ်တွေကို အသုံးချဖို့ပြင်ထားပြီလား။
၂။  ဘယ်လိုစီးပွားရေးလုပ်ငန်း မျိုးကို လုပ်ချင်တာလဲ။
၃။  ဘယ်လို ပစ္စည်း၊ ဘယ်လို၀န်ဆောင်မှုမျိုးကို ထုတ်လုပ်မှာလဲ။
၄။  ဘာကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုကို စချင်တာလဲ။
၅။  ကိုယ့်ရဲ့ ပစ်မှတ်ဈေးကွက် (Target Market) က ဘာလဲ။
၆။  ကိုယ့်ရဲ့ ပြိုင်ဖက် (Competitors) က ဘယ်သူလဲ။
၇။  ကိုယ့်ရဲ့စီးပွားရေးအကြံအစည်၊ ထုတ်လုပ်မဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေမှာ သူများနဲ့ မတူတာ ဘာရှိလဲ။
၈။  ထုတ်လုပ်မဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေ ထွက်ရှိလာအောင် ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ။
၉။  ဒီလုပ်ငန်းကို ထူထောင်ဖို့ ငွေဘယ်လောက် လိုအပ်သလဲ။
၁၀။ အမြတ်မပေါ်ခင်မှာ လိုအပ်တဲ့ အရင်းအနှီးကို ဘယ်လောက်ကြာကြာထည့်၀င်နိုင်မှာလဲ။
၁၁။ ငွေချေးဘို့ လိုအပ်မှာသလား
၁၂။ ကိုယ့်ပြိုင်ဖက်နဲ့ ယှဉ်ရင် ဈေးနှုန်းကို ဘယ်လို သတ်မှတ်မှာလဲ။
၁၃။ ကိုယ့်ပစ္စည်းကို ဘယ်လိုဈေးကွက်တင်မှာလဲ။
၁၄။ လုပ်ငန်းကို ဘယ်လိုပုံစံမျိုးနဲ့ စတင်မှာလဲ။ (တစ်ဦးတည်းပိုင်လား၊ အစုစပ်လား)
၁၅။ လုပ်ငန်းကို ဘယ်လိုစီမံခန့်ခွဲမှာလဲ။
၁၇ လုပ်ငန်းကို ဘယ်နေရာမှာ ထားမှာလဲ။
၁၇။ လုပ်ငန်းစဖို့ လုပ်သားဘယ်နှစ်ယောက်လိုသလဲ။
၁၈။ လိုအပ်တဲ့ ကုန်ကြမ်းကို ဘယ်နေရာက၊ ဘယ်သူဆီက ရမှာလဲ။
၁၉။ လုပ်ငန်းအတွက် လိုင်စင်၊ ခွင့်ပြုချက်တွေလိုအပ်သလား၊
၂၀။ ဘယ်လို အခွန်တွေပေးရမှာလဲ။ အခွန်နှုံးက ဘယ်လောက်ရှိသလဲ၊။

သင်ရဲ့ အဖြေတွေက သင်ဟာ စီးပွားရေး လုပ်ငန်းရှင် (Entrepreneur) တစ်ယောက်အနေနဲ့ အဆင်သင့်ဖြစ်ပြီလား၊ ဒါမှမဟုတ် ဘယ်လို အချက်တွေကို အချိန်ယူစဉ်းစားဘို့ လိုအပ်နေသေးတယ်ဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။

Creative Commons License
စီးပွားရေးလုပ်ငန်းကို တစ်ခုစတင်ဖို့ သင်အဆင်သင့်ဖြစ်ပြီလား၊ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

No comments:

Post a Comment