ပြီးခဲ့တဲ့ သီတင်းပါတ် အတွင်း ကမ္ဘာ့စီးပွားရေးလောကကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ သတင်းတွေကတော့ ကမ္ဘာကျော် လူမှုဆက်ဆံရေးအင်တာနက်ကွန်ယက် Facebook ရဲ့ ပထမဆုံးထုတ်ရောင်းထားတဲ့ ရှယ်ယာတွေ ဈေးထိုးကျသွားပြီး Facebook ရှယ်ယာတွေဈေးကွက်တင်ဖို့ အကျိုးဆောင်ပေးတဲ့ ရင်းနှီးမြုပ်နှံမှုဘဏ် မော်ဂန်စတန်လေ (Morgan Stanley) နှင့် Facebook ရဲ့အမှုဆောင်အရာရှိချုပ် Mark Zuckerberg တို့ကို Facebook ရဲ့အနာဂါတ် ဝင်ငွေ အလားအလာသိပ်မကောင်းနိုင်ဘူးဆိုတဲ့ ခန့်မှန်းချက်အား ရင်းနှီးမြုပ်နှံသူ အများစုမသိအောင် ထိမ်ချန်ထားတယ်ဆိုပြီး တရားစွဲခံနေရတယ် ဆိုတဲ့အကြောင်းပါ။ ဒီအကြောင်းတွေက မြန်မာနိုင်ငံမှာ မကြာခင်တည်ထောင် ဖွင့်လှစ်တော့မယ်ဆိုတဲ့ အစုရှယ်ယာဈေးကွက် (Myanmar Stock Exchange) မှာရှယ်ယာတွေဝယ်ပြီး ရင်းနှီးမြုပ်နှံဖို့ပြင်နေသူတွေ အတွက် စိတ်ဝင်စားစရာကောင်းတာမို့ တင်ပြလိုက်ပါတယ်။
တကယ်တော့ Facebook ရဲ့အဓိကဝင်ငွေရလမ်းဟာ ကြော်ငြာမှရငွေဖြစ်ပါတယ်။ Facebook ကို သုံးတဲ့သူတွေရဲ့ ကိုယ်ရေးရာဇဝင်၊ အမူအကျင့်၊ အလေ့အထ နဲ့ ကြိုက်နှစ်သက်မှု စတဲ့ အချက်အလက်တွေကို သေသေချာချာ မှတ်တမ်းတင်ထားတဲ့အတွက် စီးပွာရေးလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူဖို့ အလားအလာရှိသူတွေအား ဦးတည်ပြီး ကြော်ငြာနိုင်ပါတယ်။ ဥပမာ Facebook အသုံးပြုသူတယောက်က သူရဲ့ ကိုယ်ရေးမှတ်တမ်းမှာ လူလွတ်ကနေ စေ့စပ်ပြီးလို့ ပြောင်းလိုက်တာနဲ့ မင်္ဂလာအခမ်းအနားစီစဉ်တဲ့ ကုမ္ပဏီတွေ၊ Honeymoon ခရီးစဉ်စီစဉ်တဲ့သူတွေက သူတို့ရဲ့ ဝန်ဆောင်မှုတွေကို အဆိုပါ Facebook သုံးသူထံ တိုက်ရိုက်ကြော်ငြာနိုင်ပါတယ်။
တကမ္ဘာလုံးမှာ Facebook အသုံးပြုသူပေါင်း သန်း ၉၁၀ ခန့်ရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းကြီးတွေ အတွက်ကတော့ Facebook ဟာ တကယ်ကို အရေးပါတဲ့ ကြော်ငြာပလက်ဖေါင်းကြီး တခုပါဘဲ။ ဒီအတွက်ကြောင့်ဘဲ Facebook အသုံးပြုသူတယောက်ဟာ စီးပွာရေးလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ ၁၀၀ ကျော်ခန့်တန်တယ်လို့ သုံးသပ်ကြပြီး Facebook ရဲ့တန်ဖိုးကို ဒေါ်လာ ၁၀၀ ဘီလျံ (သန်းတစ်သိန်း) ကျော်ခန့်မှန်း၍ အစုရှယ်ယာ တစ်စုလျင် ၃၈ ဒေါ်လာ ဈေးဖွင့်ပြီး မေလ ၁၈ ရက်နေ့မှာ စတော့ဈေးကွက်တင်ပြီး အများပြည်သူကို စတင်ရောင်းချခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ Facebook ကို စတင်ထူထောင်သူ Mark Zuckerberg နဲ့ ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူတစုက ပိုင်ဆိုင်ပါတယ်။ အဲဒီလို ရင်းနှီးမြုပ်နှံသူတဦးကတော့ အာစင်နယ် ဘောလုံးအသင်းရဲ့ အဓိကရှယ်ယာရှင်တဦးဖြစ်တဲ့ အလီရှာ အူစမာနော့ဖြစ်ပြီး အစုရှယ်ယာ တစ်စုလျင် ၃၈ ဒေါ်လာ ဈေးဖွင့်ပြီးစရောင်းတဲ့အတွက် သူ့ရဲ့ Facebook မှာရင်းနှီးမြုပ်နှံမှုတန်ဘိုး ဟာ ဒေါ်လာ ၅ ဘီလျံခန့် ထိတန်ဖိုးရှိသွားမယ်လို့ ခန့်မှန်းကြပါတယ်။
Facebook ရဲ့ရှယ်ယာတွေကို ဝယ်ယူမြုပ်နှံလိုသုတွေများတဲ့ အတွက် စတင်ရောင်းချတဲ့ရက်မှာဘဲ ရှယ်ယာ သန်း ၅၀၀ ကျော် လက်ပြောင်းလက်လွဲဖြစ်ခဲ့ပြီး အမြင့်ဆုံးဈေး ၄၂ ဒေါ်လာခန့်အထိတောင် ခဏ ရောက်သွားခဲ့ပါသေးတယ်။ နောက်ရက်တွေမှာတော့ Facebook လို အင်တာနက်လူမှုဆက်ဆံရေးကွန်ယက် တခုကို တခြားနာမည်ကျော် ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဖို့(ဒ)ကားကုမ္ပဏီ (Ford)၊ ဒစ်စနေ ဖျော်ဖြေရေးကုမ္ပဏီ (Disney) တို့ထက် ပိုပြီးတန်တယ်ဆိုပြီး ဈေးဖြတ်တာကို စတင် မေးခွန်းထုတ်လာကြပါတယ်။
ရင်းနှီးမြုပ်နှံမှုသုံးသပ်သူအချို့ကတော့ Facebook အသုံးပြုသူ သန်း ၉၀၀ ကျော်အနက် ဖွံဖြိုးပြီး နိုင်ငံတွေက အသုံးပြုသူ သန်း ၃၀၀ ကျော်ခန့်ကသာ ကြော်ငြာရှင်တွေအတွက် တကယ်တန်ဖိုးရှိနိုင်တယ်လို့ ဝေဖန်လာကြပါတယ်။ အဲဒါအပြင် မိုဘိုင်းအင်တာနက်အသုံးပြုမှု တွင်ကျယ်လာတဲ့အတွက် ဖွံဖြိုးပြီးနိုင်ငံတွေက သုံးစွဲသူတွေအနေနဲ့ Facebook ကို စမတ်ဖုန်းတွေကတဆင့်ချိတ်ဆက် အသုံးပြုလာကြပါတယ်။ စမတ်ဖုန်းဖန်သားပြင်က ကွန်ပျူတာစကရင်တွေထက် အများကြီး သေးငယ်တဲ့အတွက် ကြော်ငြာတွေထည့်ဖို့ သိပ်အဆင်မပြေပါဘူး။ ဒီအချက်တွေကြောင့် Facebook ရဲ့ အနာဂါတ်ဝင်ငွေ တိုးတက်မှုကို ထိခိုက်စေနိင်တယ်လို့ သုံးသပ်ကြပြီး ရှယ်ယာစတင်ထုတ်ရောင်းပြီး တစ်ပါတ်အကြာမှာတော့ ရှယ်ယာဈေးက ၃၂ ဒေါ်လာလောက်ဘဲရှိပါတော့တယ်။
တကယ်တော့ ဒီလို အနာဂါတ် ဝင်ငွေ အလားအလာသိပ်မကောင်းနိုင်ဘူး ခန့်မှန်းသုံးသပ်မှုဟာ ရှယ်ယာတွေ အများပြည်သူကို ထုတ်ရောင်းဖို့ လိုအပ်ချက်အနေနဲ့ သက်ဆိုင်ရာ စတော့အိပ်ချိန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်တွေထံ Facebook က တင်သွင်းရတဲ့ အစီအရင်ခံစာတွေမှာ ထည့်သွင်းရမှာ ဖြစ်ပြီး စိတ်ဝင်စားသူ အများပြည်သူတွေ သိရှိအောင် အချိန်မှီ ထုတ်ပြန်ပေး ရမှာဖြစ်ပါတယ်။ ဒါမှသာ ရှယ်ယာဝယ်ယူပြီး ရင်းနှီးမြူပ်နှံလိုသူ သာမာန်လူတန်းစားတွေ အနေနဲ့ ဒီလိုသတင်းထုတ်ပြန်မှုတွေကို အခြေခံပြီး ရှယ်ယာဝယ်ယူသင့် မသင့်ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒီလို လိုအပ်တဲ့ သတင်း အချက်အလက်တွေကို ထုတ်ပြန်မပေးပါက ရင်းနှီးမြူပ်နှံလိုသူ သာမာန်လူတန်းစားတွေ အနေနဲ့ ငွေအရင်းအနှီးတောင့်တင်းပြီး သတင်းအချက်အလက်တွေစုဆောင်းရာမှာ ငွေအများကြီး သုံးနိုင်တဲ့ ရင်းနှီးမြူပ်နှံမှုကုမ္ပဏီကြီးတွေကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ကုမ္ပဏီကြီးတွေဈေးကစား အမြတ်ထုတ်တာကို ခံရမှာ မလွဲပါဘူး။ ဒါတွေကို ကာကွယ်ဖို့အတွက် အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီတွေ၊ အများပြည်သူကို ရှယ်ယာထုတ်ရောင်း ဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ရှယ်ယာဈေးနှုံးကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးရပါတယ်။ မထုတ်ပြန်ဘဲ အချိန်ဆွဲပြီးကိုယ်ကျိုးအတွက် အမြတ်ထုတ်လို့ မရပါဘူး။ လုပ်ခဲ့ရင်လည်း အလွန်အပြစ်ကြီးပါတယ်။ ဘဏ္ဍာရေးဆိုင်ရာအာဏာပိုင်တွေကလည်း ဒီလိုဥပဒေချိုးဖေါက်မှုတွေ ကို သေသေချာချာ စစ်ဆေး အရေးယူလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကဘဲ အမေရိကန်နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုရံပုံငွေမန်နေဂျာတဦးကို အတွင်းသတင်းသုံးပြီး အမြတ်ထုတ်မှုနဲ့ပါတ်သက်ပြီး ထောင်ဒဏ် ၁၁ နှစ်နဲ့ ဒါဏ်ငွေ ဒေါ်လာ ၁၀ သန်း အပြစ်ပေးခဲ့ပါတယ်။
အခုလဲဘဲ Facebook ရဲ့ရှယ်ယာတွေကို ဝယ်ယူမြုပ်နှံထားသူတွေက ဒီလို အနာဂါတ် ဝင်ငွေ အလားအလာ သိပ်မကောင်းနိုင်ဘူးဆိုတဲ့သုံးသပ်ချက်ကို Facebook က အများစုသိအောင် ကျယ်ကျယ်ပြန့်ပြန့် မထုတ်ပြန်ဘဲ ရင်းနှီးမြုပ်နှံသူတချို့ကိုသာ ဦးစားပေးလက်သိပ်ထိုး အသိပေးခဲ့တယ်လို့ စွပ်စွဲပြီး ရင်းနှီးမြုပ်နှံမှုဘဏ် မော်ဂန်စတန်လေ (Morgan Stanley) နှင့် Facebook ရဲ့အမှုဆောင်အရာရှိချုပ် Mark Zuckerberg တို့ကို တရားစွဲကြတာဖြစ်ပါတယ်။ မော်ဂန်စတန်လေ (Morgan Stanley) ဘဏ်ကတော့ သူတို့ အနေနဲ့ ဥပဒေအရလိုအပ်တဲ့ အစီရင်ခံစာတွေနဲ့ သတင်းထုတ်ပြန်မှုတွေကို ထုတ်ပြန်ခဲ့တယ်လို့ ချေပထားပါတယ်။ ဒီအမှု ဘယ်လိုအဆုံးသတ်မယ်၊ ဒါဟာ ၁၉၉၉ ခုနှစ်ကလို အင်တာနက် နည်းပညာနဲ့ ပါတ်သက်တဲ့ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးကွက်တွေစတင် ပြိုလဲတော့မယ့် လက္ခဏာလား ဆိုတာ စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
ဒီဖြစ်ရပ်ကတဆင့် မြန်မာနိုင်ငံလို စီးပွားရေး နဲ့ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ နိုင်ငံတခု အနေနဲ့ သင်ခန်းစာယူသင့်တာကတော့ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ လိုအပ်တဲ့ ဥပဒေတွေပြဌါန်းပြီး ဥပဒေချိုးဖေါက်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို ့လိုအပ်တယ်ဆိုတာပါဘဲ။ ဒီလိုမှမဟုတ်ဘဲ အများပြည်သူသိရှိသင့်တဲ့ တန်ဘိုးရှိတဲ့ သတင်းတွေကို အများသိအောင်မထုတ်ပြန်ဘဲ ကိုယ်ကျိုးအတွက် အသုံးချအမြတ်ထုတ်ခြင်းကို မကာကွယ်နိုင်ပါက စီးပွားရေး နဲ့ ဘဏ္ဍာရေးလောကမှာ တံခါးဖွင့်ပေးမှုကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဒီသတင်းရင်းမြစ်နဲ့ နီးစပ်သူတစု (သို့မဟုတ်) အဆက်အသွယ်ကောင်းတဲ့ လက်တဆုပ်စာ မျက်စိကြီး၊နားကြီးလူတစုကဘဲ အလွဲသုံးစားလုပ်အမြတ်ထုတ် သွားမှာဖြစ်ပါတယ်။ အခွင့်အရေးတန်းတူမရှိတဲ့ သာမာန် ရင်းနှီးမြုပ်နှံလိုသူ လူအများစုအနေနဲ့ကတော့ သတင်းမဟုတ်တဲ့ ကောလဟာလတွေနောက်လိုက်ရင်း တဖြေးဖြေးနဲ့ လုံးပါးပါးသွားဖို့ဘဲရှိပါတယ်။ ဒါအပြင် အရေးကြီးတဲ့ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာသတင်းတွေကို အချိန်နဲ့တပြေးညီ မထုတ်ပြန်နိုင်ပါက ဒီသတင်းကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ အကျင့်ပျက်လာဘ်စားမှုတွေ ဆက်လက်ဖြစ်ပေါ်နေဦးမှာ ဖြစ်ကြောင်းပါ။
တစ်ပါတ်အတွင်း စိတ်ဝင်စားဖွယ်ရာ စီးပွားရေးသတင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.
မြန်မာနိုင်ငံရှိ အသေးစား စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည် တိုးမြှင့်ရာတွင် လိုအပ်မည်ဖြစ်သည့် သတင်းအချက်အလက် နှင့် စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာရပ်များကို ရှာဖွေ စုဆောင်းပြီး ဤအင်တာနက်စာမျက်နှာတွင် တင်ပြ သွားပါမည်။
Saturday 26 May 2012
Tuesday 22 May 2012
ကားတင်သွင်းခွင့်မူ၀ါဒအသစ်နှင့် မြန်မာ့စီးပွားရေး အလားအလာ
စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ် ရေး၀န်ကြီးဌာနက မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ကားတင်သွင်းခွင့်မူ၀ါဒအသစ်အရ နိုင်ငံခြားငွေဘဏ် စာရင်းဖွင့်လှစ်ထားသော နိုင်ငံသားများကို ၂၀၀၇ မော်ဒယ်နှင့်အထက် မော်တော်ယာဉ်များ (ဘတ်(စ)ကားမှအပ)တင်သွင်းခွင့် ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာတိုင်းဂျာနယ်မှာ ဖေါ်ပြချက်အရ မော်တော်ကားအစီးရေ ၄ သိန်းခန့် (၃၈၀,၀၀၀) တင်သွင်းရန် ရည်ရွယ်သည်ဟု သိရှိရပါသည်။ အဆိုပါ လွတ်လပ်စွာတင်သွင်းခွင့်မူ၀ါဒအရ ကားစီးနိုင်သော လူလတ်တန်းစားအများစုအနေဖြင့် ယခင်ကာလကလို ကားအိုကားဟောင်းများကို မတန်မဆ ဈေးပေး၍ စီးရသော အဖြစ်မျိုးမှ ကင်းေ၀းသွားမည် ဖြစ်ပါသည်။ သို့သော်တဖက်မှလည်း ဤမူ၀ါဒက မြန်မာနိုင်ငံ၏ စီးပွားရေး တရပ်လုံးအပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုများရှိနိုင်သည်ကို စဉ်းစားစရာလိုပါသည်။
ကားအဟောင်း တစီးကို ရန်ကုန်ဆိပ်ကမ်းအရောက် ပျမ်းမျှ ဒေါ်လာ ၅၀၀၀ ခန့်ကျသင့်သည်ဆိုပါက အစီးရေ ၃ ဒသမ ၈ သိန်း အတွက် ဒေါ်လာ သန်း ၂၀၀၀ နီးပါးလိုအပ်ပါလိမ့်မည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်း အခြေပစ္စည်းအပေါ်ရင်းနှီးမြုပ်နှံမှု (စက်ရုံအဆောက်အဦး၊ စက်ကိရိယာ နှင့် ကုန်ကြမ်းပစ္စည်း) မှာ ဒေါ်လာ သန်း ၈၀၀၀ ခန့်ဖြစ်ပါသည်(source: CIA The World Factbook)။ သို့ဖြစ်၍ ကားတင်သွင်းခွင့်မူ၀ါဒအသစ်အရ မြန်မာနိုင်ငံတနှစ်စာရင်းနှီးမြုပ်နှံမှု၏ လေးပုံတပုံခန့်မှာ လူစီးကားများ တင်သွင်းရန်အတွက် နိုင်ငံခြားသို့စီးထွက်သွားမည်ဖြစ်ရာ ပြည်တွင်း ရင်းနှီးမြုပ်နှံမှုလျော့ကျသွားနိုင်ပြီး ထိုမှတဆင့် အလုပ်အကိုင်သစ်များ ဖန်တည်းနိုင်မှုတို့ကို ရေရှည်တွင် ထိခိုက်လာနိုင်စရာ အကြောင်းရှိပါသည်။
နောက်ထပ် မြင်သာသည့်အကျိုးသက်ရောက်မှုတခုမှာ ဒေါ်လာ၀ယ်လိုအား မြင့်တက်လာပြီး၊ ဒေါ်လာငွေဈေး တက်လာပါမည်။ ယေဘူယျ လက်ခံထားကြသည့်မှာ ဒေါ်လာဈေးတက်လာပါက မြန်မာပြည်ထွက်ကုန် ပစ္စည်းများ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်တက်လာပြီး ပို့ကုန်များ တိုးတက်လာမည်ဟု ဖြစ်ပါသည်။ ဤအချက်မှာ ပို့ကုန်လုပ်ငန်းရှင်များ မျှော်လင့်နေသည့်အချက် ဖြစ်ပါသည်။ စီးပွားရေးပညာရှင်အချို့ ကလည်း မြန်မာငွေတန်ဖိုး ကျဆင်းသွားပါက ပို့ကုန်ဈေးကွက် ပြန်လည် ရှင်သန်လာပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တဖက်တလမ်းမှ အထောက်အကူ ဖြစ်လာနိုင်မည်ဟု ခန့်မှန်းနေကြ ပါသည်။ အဓိကယူဆချက်မှာ မြန်မာငွေတန်ဖိုးကျဆင်းသွားပြီး ပြည်တွင်းထွက်ကုန်ပစ္စည်းများကို ပြည်ပမှ၀ယ်လိုအား တက်လာပါက၊ ပြည်တွင်းမှ နိုင်ငံခြား ပို့ကုန် ထုတ်လုပ်သော ကုန်ထုတ်လုပ်ငန်းများက လိုအပ်သလောက်ထုတ်လုပ်ပေးနိုင်စွမ်းရှိသည်ဆိုသော အချက် အပေါ်တွင်အခြေခံပါသည်။ ထိုမှတဆင့် အလုပ်အကိုင်များ ပိုမိုဖန်တည်းပေးနိုင်ပြီး တိုင်းပြည်၀င်ငွေ တိုးတက်လာမည် ဆိုသည့်အချက်ဖြစ်ပါသည်။ ဤနေရာတွင် စဉ်းစားစရာရှိသည်မှာ လက်ရှိမြန်မာပြည်၏ အဓိကပို့ကုန်များမှာ သဘာ၀ဓါတ်ငွေ့ (၃၂.၈%) တွင်းထွက်ကျောက်မျက်၊ သစ်တောထွက်ပစ္စည်းများ (၅.၉%) နှင့် လယ်ယာထွက်ကုန်စည်များ (ပဲမျိုးစုံ ၁၂.၁%) ဖြစ်ပါသည် (source: The Economist Intelligence Unit)။ သဘာ၀ဓါတ်ငွေ့မှာ ရေရှည်စာချုပ်ချုပ် ဆိုပြီး ဒေါ်လာနှင့် ဈေးသင့်ရောင်းချ ထားသည်ဖြစ်၍ မြန်မာငွေတန်ဖိုးကျမှုက ထူးထူးခြားခြား အကျိုးသက်ရောက်မှုမရှိနိုင်ပါ။ တွင်းထွက် ကျောက်မျက်နှင့် သစ်တောထွက်ပစ္စည်းများကို ပြည်ပမှ၀ယ်လိုအား တိုးတက်လာခြင်းသည်လည်း ပြည်တွင်းမှ စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လုပ်လိုက်သော ပစ္စည်းများအပေါ် ၀ယ်လိုအားတက်လာခြင်းကဲ့သို့ ပြည်တွင်းအလုပ်အကိုင် ဖန်တည်းနိုင်မှုအပေါ်တွင် များစွာအကျိုးသက်ရောက်မည်မဟုတ်ပါ။ ထို့ပြင် ယခုလက်ရှိအခြေအနေ အတိုင်းဆိုပါက တွင်းထွက်ကျောက်မျက် နှင့် သစ်တောထွက်ပစ္စည်းများ ပြည်ပသို့ တိုးမြှင့်တင်ပို့ခြင်းက အများပြည်သူအတွက် အကျိုးမရှိသလောက်ဖြစ်ပြီး သဘာ၀ပါတ်၀န်းကျင် ပိုမို ပျက်သုဉ်းလာသည့် အပြစ်က ပိုများနိုင်ပါသည်။ လယ်ယာထွက်ကုန်စည်များကို ပြည်ပ၀ယ်လိုအား တိုးတက်လာခြင်းက အလုပ်အကိုင်များ ဖန်တည်းပေးနိုင်သော်လည်း ကုန်စည်၏ သဘောသဘာ၀အရ စက်မှုထုတ်ကုန်ပစ္စည်းများကဲ့သို့ ချက်ချင်းထုတ် ချက်ချင်းတင်ပို့၍ မရပါ။ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အချိန်ကာလ တခုစောင့်ရန်လိုအပ်ပြီး ဤအချိန်အတွင်း ဈေးအတက်အကျလှုပ်ရှားမှု မြန်ဆန်ကြီးမားပါက တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်လိုစိတ်နှင့် ပြည်တွင်းစားသုံးမှုဈေးကွက်ကို ထိခိုက်နှိုင်ပါသည်။ မြန်မာငွေတန်ဖိုးကျဆင်းမှုမှ သိသာသော ရေရှည်အကျိုးသက်ရောက်မှုရရှိနိုင်ရန် အတွက် ထုတ်လုပ်မှုကုန်စည်များ ပိုမိုတင်ပို့နိုင်ရန်လိုအပ်ပါသည်။ ယခုလက်ရှိအချိန်တွင် သိသာထင်ရှားသော ထုတ်လုပ်မှုကုန်စည်တင်ပို့မှုမှာ အ၀တ်အထည်ချုပ်လုပ်တင်ပို့မှုဖြစ်ပြီး စုစုပေါင်းပို့ကုန်၏ ၄% ခန့်ရှိပါသည်။ အခြားတဖက်တွင် မြန်မာငွေ တန်ဖိုးကျဆင်းမှုကြောင့် စားအုန်းဆီ၊ စက်သုံးဆီစသည့် ပြည်ပသွင်းကုန်များ၏ ဈေးနှုံးများ မြင့်တက်သွားမည်ဖြစ်ပြီး၊ ငွေကြေးဖေါင်းပွမှု ပိုမိုမြင့်မားလာနိုင်ပါသည်။
အခြားစဉ်းစားရမည့် အချက်တခုမှာ ကားတစီးမူလတန်ဘိုး၏ ၁၀၀% ခန့်ကို အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန် နှင့် ကညနခွန်များ အဖြစ် ပေးဆောင်ရမည်ဖြစ်ပါသည်။ မြန်မာငွေနှင့်တွက်ပါက ယခုဒေါ်လာ ပေါက်ဈေး (၂၀၁၂ မေလ)အရ ကားတစီးလျှင် ၄၂ သိန်းခန့်ဖြင့် စုစုပေါင်း မြန်မာငွေကျပ်သန်း ထောင်ပေါင်း ၁၆၀၀ ခန့် အခွန်ငွေအဖြစ် အစိုးရဘဏ္ဍာတိုက်သို့စီး၀င်သွားမည်ဖြစ်ပါသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှုမှာ မြန်မာငွေကျပ်သန်းထောင်ပေါင်း ၁၂၀၀ ခန့်ဖြစ်ပါသည် (source: The Economist Intelligence Unit)။ သင့်လျှော်သော ဘဏ္ဍာရေး ပေါ်လစီများကို အသုံးပြုပြီး ပြည်တွင်း ဈေးကွက်အတွင်း သို့ မြန်မာကျပ်ငွေပြန်လည် စီး၀င်အောင် ပြုလုပ်မပေးနိုင်ပါက မြန်မာကျပ်ငွေ ရှားပါးမှုဖြင့် ကြုံတွေ့ရနိုင်ပြီး စားသုံးသူများ၏ ၀ယ်နိုင်စွမ်းအား ကျဆင်းသွားနိုင်ပါသည်။
အထက်ပါ အလားအလာများမှာ ဖြစ်လာနိုင်ချေရှိသည်များကို သုံးသပ်ထားခြင်းဖြစ်ပါသည်။ ဘောဂဗေဒတွင် စုစုပေါင်း တိုင်းပြည်ထုတ်ကုန်ကို အောက်ပါညီမျှခြင်းဖြင့် ဖေါ်ပြနိုင်ပါသည်။
စုစုပေါင်းတိုင်းပြည်ထုတ်ကုန်=စားသုံးမှုအသုံးစားရိတ် + ရင်းနှီးမြုပ်နှံမူအသုံးစားရိတ် +
အစိုးရအသုံးစားရိတ်+ပြည်ပပို့ကုန် - နိုင်ငံခြားမှသွင်းကုန်
သင့်တင့်လျှောက်ပါတ်သော ဘဏ္ဍာရေး၊ စီးပွားရေးမူ၀ါဒများဖြင့် ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက ယခု ကားတင်သွင်းခွင့်မူ၀ါဒအသစ်၏ အကျိုးဆက်များအဖြစ် နိုင်ငံခြားမှသွင်းကုန်ပမာဏ မြင့်တက် လာမည်ဖြစ်ပြီး စားသုံးမှုအသုံးစားရိတ်နှင့် ရင်းနှီးမြုပ်နှံမူအသုံးစားရိတ်များ ကျဆင်းသွားနိုင်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ မြန်မာငွေ တန်ဖိုး ကျဆင်းမှု အကျိုးရလဒ်အဖြစ် ပို့ကုန်တင်ပို့မှု သိသိသာသာ တိုးတက်လာနိုင်စရာ မမြင်သေးပါ။
စာရေးသူ၏ အမြင်အရ ယခုကဲ့သို့ ပြည်ပမှ အသုံးပြုပြီး ကားအဟောင်းများကို လွတ်လပ်စွာတင်သွင်းခွင့် ပြုခြင်းထက် စာရေးသူ ဘီဘီစီ မြန်မာပိုင်းအစီအစဉ် အင်တာဗျူး တခုတွင် တင်ပြခဲ့သလို မြန်မာနိုင်ငံ အနေဖြင့် ပြည်ပမှ ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးတခုခုနှင့် ပူးပေါင်း၍ ပြည်တွင်းတွင် ကမ္ဘာ့အဆင့်မှီကားများ ထုတ်လုပ်သင့်ပါသည်။ ဤသို့ ပြည်တွင်းတွင် ထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်နှင့် ခေတ်မှီထုတ်လုပ်မှုနည်းပညာများရရှိလာမည်ဖြစ်ပါသည်။ ထို့အပြင် ယခုခေတ်ကာလ နိုင်ငံစုံကုမ္ပဏီကြီးများသည် ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ကုန်ကြမ်းပစ္စည်းထောက်ပံ့ရေးလမ်းကြောင်း တိုတောင်းစေရန် အိမ်ရှင်နိုင်ငံမှ ထုတ်လုပ်သည့် ပစ္စည်းများကို တတ်နိုင်သမျှ အသုံးပြုလာကြသည့်အတွက် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းထုတ်လုပ်သူများအတွက် အခွင့်အလမ်းများ ပိုမိုတိုးပွားလာမည် ဖြစ်ပါသည်။ တကယ်တန်းဆိုပါက ဖက်စပ်ကုမ္ပဏီ တခုထူထောင်ရန်အတွက် ကားဟောင်း အစီးရေ ၃ ဒသမ ၈ သိန်း အတွက်ကုန်ကျမည့် ဒေါ်လာ သန်း ၂၀၀၀ အထိ မလိုပါ။ ပြီးခဲ့သည့် ဧပြီလက ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံးဖြစ်သည့် ဂျာမာန် ဗောက်(စ)၀က်ဂွန်ကုမ္ပဏီမှ တနှစ်လျှင် ကားအစီးရေ ၅၀၀၀၀ ထုတ်လုပ်နိုင်မည့်စက်ရုံတခုကို တရုတ်နိုင်ငံ အနောက်ပိုင်းတွင် တည်ဆောက်ရန်ရင်းနှီးမြုပ်နှံခဲ့ရာ ဒေါ်လာ ၂၂၅ သန်းသာ ကုန်ကျခဲ့ပါသည်။ အကယ်၍ တင်သွင်းလိုသော ကားအစင်းရေ ၃၈၀၀၀၀ ထုတ်လုပ်ရန် ၇ နှစ်ကျော် မစောင့်လိုပါက ပို၍ ကြီးမားသော စက်ရုံတည်ဆောက် ရင်းနှီးမြုပ်နှံမှု နိုင်ပါသေးသည်။ ဗောက်(စ)၀က်ဂွန်ကုမ္ပဏီမှ တရုတ်နိုင်ငံ တောင်ပိုင်းတွင် တနှစ်လျှင် ကားအစင်းရေ ၃၀၀၀၀၀ ထုတ်လုပ်နိုင်သော စက်ရုံတည်ဆောက်ရန် ရင်းနှီးငွေမှာ ဒေါ်လာ ၆၈၈ သန်းခန့်ဟု ဆိုပါသည် (Source: Reuters News)။ ဗောက်(စ)၀က်ဂွန်ကုမ္ပဏီ၏ အဆိုအရ တရက်ကားတစီးထုတ်လုပ်ရန် လုပ်သားအင်အား ၁၅ ယောက်ခန့် လိုသည်ဟုဆိုပါသည်။ ဤလိုအပ်ချက်အရ ဆိုပါက တနှစ်လျှင် ကားအစင်းရေ ၃၀၀၀၀၀ ထုတ်လုပ်နိုင်သော စက်ရုံအတွက် လုပ်သားအင်အား ၁၅၀၀၀ ခန့်လိုအပ်မည် ဖြစ်ပါသည် (တနှစ်လျှင် အလုပ်လုပ်ရက် ၃၀၀)။ အဆိုပါ လုပ်သားများ၏ ဝင်ငွေကို ပြည်တွင်းဈေးကွက်တွင် သုံးစွဲကျမည်ဖြစ်ရာ ပြည်တွင်းစားသုံးမှုအသုံးစားရိတ် မြင့်တက်လာမည်ဖြစ်ပြီး၊ အဆိုပါ တိုးတက်လာသော စားသုံးမှုအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ပိုမိုထုတ်လုပ်ရန်အတွက် စီးပွားကုန်ထုတ်လုပ်ငန်းအသစ်များ တည်ထောင်ရန် ရင်းနှီးမြုပ်နှံခြင်းကြောင့် ရင်းနှီးမြုပ်နှံမူအသုံးစားရိတ် လည်း တဆက်တည်း တိုးတက်လာမည်ဖြစ်ပါသည်။အဆိုပါ အသစ်ထူထောင်လိုက်သည့် လုပ်ငန်းများကလည်း အလုပ်အကိုင်အသစ်များ ထပ်မံဖန်တည်းပေးမည်ဖြစ်ပြီး အဆိုပါ အလုပ်အကိုင်အသစ်များက ပြည်တွင်းစားသုံးမှုအသုံးစားရိတ်နှင့် ရင်းနှီးမြုပ်နှံမူအသုံးစားရိတ် များကို ထပ်မံ တိုးပွားစေမည် ဖြစ်ပါသည်။ ဤကဲ့သို့ ကနဦး ရင်းနှီးမြုပ်နှံမှုမှ ဆင့်ကဲဆင့်ကဲ စားသုံးမှုအသုံးစားရိတ် နှင့် ရင်းနှီးမြုပ်နှံမူအသုံးစားရိတ် များတိုးတက်လာခြင်းကို ဘောဂဗေဒ ဘာသာရပ်တွင် မြှောက်ဖေါ်ကိန်းအကျိုးသက်ရောက်မှု (Multiplier effect)ဟု အသိအမှတ်ပြုကြပါသည်။ ဤကဲ့သို့ ဆတိုး တိုးတက်လာသော စားသုံးမှုအသုံးစားရိတ်နှင့် ရင်းနှီးမြုပ်နှံမှုအသုံးစားရိတ်များ၏ အကျိုးရလဒ်အနေဖြင့် စုစုပေါင်းတိုင်းပြည်ထုတ်ကုန်လည်း ဆတိုး တိုးတက်လာမည် ဖြစ်ပါသည်။
ကားတင်သွင်းခွင့်မူ၀ါဒအသစ်နှင့် မြန်မာ့စီးပွားရေး အလားအလာ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.
စီးပွားရေးလုပ်ငန်းစီမံကိန်းတခု ရေးဆွဲခြင်း Writing a Business Plan
စီးပွားရေးလုပ်ငန်းတခုကို အောင်မြင်စွာစတင်ဖို့နဲ့ လည်ပတ်ဖို့အတွက် လမ်းညွှန်တခု (Business Plan) လိုအပ်ပါတယ်။ ဒီလမ်းညွှန်စီမံချက်ဟာ လုပ်ငန်းရှင်တယောက်အတွက် လမ်းပြမြေပုံတခုအလား ပံ့ပိုးပေးပါလိမ့်မယ်။ ဒါအပြင် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် လုပ်ငန်းလမ်းညွှန်စီမံကိန်းကိုပြပြီး တခြား အပေါင်ပစ္စည်းမပါဘဲ ဘဏ်ကနေငွေချေးလို့ရပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်စံနစ် ယခုထက် ဖွံ့ဖြိုးလာတဲ့အခါ ဒီလိုဘဲဖြစ်လာမှာပါ။ ခုချိန်မှာတော့ ကိုယ်တယောက်ထဲ ငွေမနိုင်လို့ အစုစပ်လုပ်မယ့်သူရှာတဲ့ အခါဖြစ်စေ၊ ဆွေမျိုး သားချင်း မိတ်ဆွေတွေဆီက ငွေချေးလိုတဲ့အခါဖြစ်စေ လုပ်ငန်းလမ်းညွှန်စီမံချက် တခုရှိရင် အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။
စီးပွားရေးလုပ်ငန်းစီမံချက်တခုဟာ တခါရေးဆွဲပြီးတာနဲ့ ပြည့်စုံသွားပြီလို့မရှိပါဘူး။ ကိုယ့်လုပ်ငန်း နဲ့ လုပ်ငန်းလည်ပါတ်နေတဲ့ ပါတ်၀န်းကျင် ပြောင်းလဲနေတာနဲ့အမျှ လိုအပ်လာတာတွေကို ထပ်မံဖြည့်စွက်နေ သင့်ပါတယ်။ တကယ့်ကို အောင်မြင်ပြီး ကြီးထွားနေတဲ့လုပ်ငန်းဖြစ်ရင်တောင်မှ လက်ရှိအခြေအနေ နဲ့လျှော်ညီတဲ့ စီးပွားရေးလုပ်ငန်းစီမံချက်တခုကို ရှိထားသင့်ပါတယ်။ လုပ်ငန်းစီမံချက် တခုရေးဆွဲဖို့ စဉ်းစားပြီဆိုရင် ပထမဆုံးလုပ်ရမှာကတော့ ကိုယ့်ရဲ့လုပ်ငန်းနဲ့ပါတ်သက်ပြီး သေသေချာချာ စစ်စစ်ပေါက်ပေါက် အချက်အလက် ရနိုင်သမျှကို ကြိုးစားပြီး စုဆောင်းရပါမယ်။ အဲဒီ စုဆောင်းထားတဲ့ အချက်အလက်တွေအားလုံးဟာ လုပ်ငန်းစီမံချက် တခုပြုစုရာမှာ အသုံးတဲ့မှာ မဟုတ်ပေမယ့် ကိုယ်ဘယ်လို အချက်အလက်တွေ ရှာနေသလဲဆိုတာကို သိဖို့တော့ အထောက်အကူဖြစ်ပါ လိမ့်မယ်။ စီးပွားရေးလုပ်ငန်း စီမံချက်တိုင်းမှာ အောက်မှာဖေါ်ပြထားတဲ့ အချက်အလက်တွေ ပါ၀င်သင့်ပါတယ်။
စီမံချက်၏ အနှစ်ချုပ် (Executive Summary)
စီးပွားရေးလုပ်ငန်းစီမံချက် တခု၏ အရေးကြီးဆုံးသော အစိတ်အပိုင်းဖြစ်ပါတယ်။ ဤအနှစ်ချုပ်တွင် လုပ်ငန်း၏ သမိုင်းကြောင်း၊ လက်ရှိအခြေအနေ နှင့် မည်ကဲ့သို့ တိုးတက်အောင် ကြံရွယ်ထားသည် တို့ကို လိုရင်းတိုရှင်း နှင့် စိတ်၀င်စားဖွယ်ရာ ဖေါ်ပြထားသင့်ပါတယ်။ အရေးအကြီးဆုံးကတော့ စီမံကိန်းကို ဖတ်ရှုသူအနေနဲ့ ကိုယ်ဘာကြောင့် ကိုယ့်ရဲ့စီးပွားရေးအကြံအစည်ဟာ အောင်မြင်မယ်လို့ ယုံကြည်ကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်သွားစေရပါမယ်။
မိမိလုပ်ငန်းအကြောင်း ဖေါ်ပြချက် (Description of the Business)
ဒီအခန်းမှာ ကိုယ့်လုပ်ငန်းရဲ့ သဘောသဘာ၀၊ လုပ်ငန်းအောင်မြင်ဖို့အတွက်လိုအပ်တဲ့ အခြေခံ အကြောင်းတရားတွေကို ပါ၀င်သင့်ပါတယ်။ လုပ်ငန်းရဲ့ သဘောသဘာ၀ကိုဖေါ်ပြတဲ့အခါ ကိုယ်ဖြည့်ဆည်းဖို့ကြိုးစားနေတဲ့ ဈေးကွက်ရဲ့လိုအပ်ချက်တွေ နဲ့ အဲဒီလိုအပ်ချက်တွေကို ကိုယ့်ရဲ့ကုန်စည် (သို့) ၀န်ဆောင်မှု နဲ့ ဘယ်လိုဖြည့်ဆည်းပေးမလဲ ဆိုတဲ့အချက်တွေကို မမေ့မလျှော့ ဖေါ်ပြသင့်ပါတယ်။ ဒါတွေအပြင် ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုအဖွဲ့အစည်းမျိုုးမှာ အဲဒီလိုအပ်ချက်တွေရှိတယ်ဆိုတယ့် အချက်တွေ ပါ၀င်သင့်ပါတယ်။
လုပ်ငန်းအောင်မြင်ဖို့ အခြေခံကျတဲ့ အချက်တွေကတော့ ဖေါက်သည်ရဲ့လိုအပ်ချက်တွေကို ပြိုင်ဖက်တွေ ထက် သာလွန်အောင်ဖြည့်ဆည်းပေးနိုင်မှု၊ ကိုယ့်ရဲ့ကုန်စည် (သို့) ၀န်ဆောင်မှုကို မြန်ကောင်းသက် သာ ဖြနေ့်၀ပေးနိုင်မှု၊ ထူးချွန်ထက်မျက်တဲ့ ၀န်ထမ်းများ၊ လုပ်ငန်းတည်နေရာကောင်းမွန်မှု စတဲ့အချက်တွေ ဖြစ်ပြီး၊ ဒီအချက် တခုချင်းစီက သင့်ရဲ့လုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးပါလိမ့် မယ်။
ထုတ်လုပ်မည့် ကုန်စည် (သို့) ၀န်ဆောင်မှု (Product or Service Line)
ဤခေါင်းစဉ်၏အောက်တွင် ထုတ်လုပ်မည့် ကုန်စည် (သို့) ၀န်ဆောင်မှု အမျိုးအစားနှင့် ကိုယ့်ကုန်စည်က လက်ရှိဖေါက်သည် နှင့် ၀ယ်ယူရန် အလားအလာရှိသောသူများအတွက် မည်သည့် အကျိုးကျေးဇူး များ ပေးစွမ်းနိုင်သည်ကို အလေးထားဖေါ်ပြပါ။ မိမိ ကုန်ပစ္စည်း၏ အားသာချက်များနှင့် ဈေးကွက်အတွင်းရှိ လိုအပ်ချက်နှင့် ပြဿနာများကို မိမိ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းက မည်ကဲ့သို့ ဖြည့်ဆည်းပေးနိုင်မည်ကို ရှင်းလင်းစွာ ဖေါ်ပြပေးပါ။ ထိုသို့ ဖေါ်ပြရာတွင်လည်း လူအများက မိမိ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းကို ဝယ်ယူလိုစိတ်ပြင်းပျသည့်အကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံနှင့် တင်ပြသင့်ပါသည်။
ထုတ်လုပ်မည့် ကုန်စည် (သို့) ၀န်ဆောင်မှုနှင့် ပါတ်သက်သည့် အသေးစိတ် အတိုင်းအထွာ အချက်လက်များ၊ အသုံးပြုမည့် ကုန်ကြမ်းပစ္စည်း၊ ထုတ်လုပ်မှု ကုန်ကျစားရိတ် နှင့် ပစ္စည်းရရှိနိုင်မှု စသည့် တို့ကိုလည်း အတိအကျ ဖေါ်ပြသင့်ပါသည်။
ဈေးကွက် ဆန်းစစ်ချက် (Market Analysis)
ဤအပိုင်းမှာ ကိုယ့်လုပ်ငန်းရဲ့စီးပွားရေးနယ်ပယ်နဲ့ ပါတ်သက်တဲ့ ကိုယ့်ရဲ့ ဗဟုသုတကို ဖေါ်ပြရပါမယ်။ ဈေးကွက်နဲ့ ပါတ်သက်ပြီး သုတေသန လုပ်ထားတဲ့ တွေ့ရှိချက်တွေ၊ ကိုယ့်ရဲ့ သုံးသပ်ချက်တွေ ကိုလည်း ဒီနေရာမှာ ဖေါ်ပြသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းငယ် တွေအနေနဲ့ ဘယ်လို ဈေးကွက်သုတေသန လုပ်မလဲဆိုတာ သီးခြားဆောင်းပါးတခုမှာ ဖေါ်ပြထားပါတယ်။
ဈေးကွက်ဖေါ်ဆောင်ခြင်း နှင့် အရောင်းစီမံခန့်ခွဲမှု (Marketing and Sales Management)
ဈေးကွက်ဖေါ်ဆောင်ခြင်း (Marketing) ဆိုတာ ဖေါက်သည်ဖန်တီးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါ တယ်။ ဖေါက်သည် ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတခုရဲ့ အသက်သွေးကြောပါ။ စီးပွားရေးလုပ်ငန်းတခု မစတင်ခင် (ဒါမှမဟုတ် လုပ်ငန်းကိုချဲ့ထွင်တော့မယ်ဆိုရင်) ပထမဆုံး လုပ်ရမှာကတော့ ဈေးကွက်ဖေါ်ဆောင်မှုဗျူဟာကို သတ်မှတ်ခြင်းဖြစ်ပါတယ်။ ဒီလို သတ်မှတ်တဲ့ နေရာမှာ လှေနံဒါးထစ် တိတိကျကျ သတ်မှတ်ထားတဲ့ နည်းလမ်းရယ်လို့ မရှိပါဘူး။ ကိုယ့်ရဲ့ ဗျူဟာကို လုပ်ငန်းရဲ့ ပြောင်းလဲနေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး လိုက်လျောညီထွေရှိအောင် ချမှတ်ရမှာဖြစ်တဲ့အတွက် တခြား လုပ်ငန်းတွေရဲ့ ဈေးကွက်ဖေါ်ဆောင်မှုဗျူဟာတွေနဲ့ တူမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်အကောင်အထည် ဖေါ်လိုတဲ့ဗျူဟာကို ရေးဆွဲတဲ့နေရာမှာ လိုက်နာသင့်တဲ့ အချက်တွေရှိပါတယ်။
ပြည့်စုံတဲ့ ဈေးကွက်ဖေါ်ဆောင်ရေး ဗျူဟာမှာ အောက်ဖေါ်ပြပါ ဗျူဟာတွေ ပါ၀င်သင့်ပါတယ်။
အထက်ဖေါ်ပြပါ ဈေးကွက်ဖေါ်ဆောင်ရေး ဗျူဟာများ ရေးဆွဲချမှတ်ပြီးပါက ကိုယ့်ရဲ့ကုန်ပစ္စည်းကို ဘယ်လိုရောင်းချမလဲဆိုတဲ့ အရောင်းစီမံခန့်ခွဲမှုဗျူဟာများကို ချမှတ်ရပါမယ်။ သင့်ရဲ့ အရောင်းစီမံခန့်ခွဲမှု ဗျူဟာတွေမှာ အောက်ဖေါ်ပြပါ ဗျူဟာတွေကို ထည့်သွင်းစဉ်းစားရပ်မယ်။
လုပ်ငန်းဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှု (Organisation and Management)
ဒီအခန်းမှာတော့ လုပ်ငန်းရဲ့ပိုင်ဆိုင်မှုပုံစံ (ဥပမာ တစ်ဦးတည်းပိုင် သို့မဟုတ် အစုစပ်)၊ လုပ်ငန်းရဲ့ ဖွဲ့စည်းပုံဇယား စတာတွေပါ၀င်သင့်ပါတယ်။ ဖွဲ့စည်းပုံဇယားမှာ ဘယ်သူက ကိုယ့်လုပ်ငန်းမှာ ဘယ်အလုပ်ကို လုပ်တယ်၊ သူတို့ရဲ့ နောက်ကြောင်းအကျဉ်းနဲ့ ကိုယ်ဘာကြောင့် သူတို့ကို ခန့်ထားတယ်၊ ဘယ်သူက ဘယ်သူကို တာ၀န်ခံရမယ်၊ စတာတွေကို ဖေါ်ပြသင့်ပါတယ်။ လူ သုံးလေးယောက်လောက်နဲ့ လည်ပါတ်နေတဲ့ လုပ်ငန်းလေးတွေအတွက်တော့ ဒီအချက်တွေဟာ အပိုတွေလို ထင်စရာရှိပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းစီမံချက်ကို ဖတ်ရှုသူအနေနဲ့ ဒီအချက်တွေကို သိရှိလိုမှာဖြစ်ပါတယ်။ ဒါအပြင် တာ၀န် ၀တ္တရားတွေကို စာနဲ့သေသေချာချာ မှတ်တမ်းတင်ထားခြင်းဖြင့် လူသစ်ခေါ်တဲ့အခါ၊ လစာ ခံစားခွင့်တွေ ညှိနှိုင်းတဲ့အခါ တွေမှာ အထောက်အကူဖြစ်မှာပါ။
ရင်းနှီးမြုပ်နှံမှု လိုအပ်ချက် (Funding Request)
လုပ်ငန်းသစ် တခုစတတင်ရန် (သို့) လက်ရှိလုပ်ငန်းကို ချဲ့ထွင်ရန် လိုအပ်မည့် ရင်းနှီးမြုပ်နှံမှု ပမာဏကို ဤခေါင်းစဉ်အောက်တွင် ဖေါ်ပြသင့်ပါသည်။ လိုအပ်ပါက ပြောင်းလဲလာနိုင်သည့် အခြေအနေနှင့် အချိန်အခါကို လိုက်၍ လိုအပ်လာနိုင်သည့် ရင်းနှီးငွေပမာဏကို ခွဲခြားပြီး ဖေါ်ပြနိုင်ပါသည်။ ဥပမာအားဖြင့် ပြည်ပမှ စက်ကိရိယာတင်သွင်းရန်လိုအပ်ပါက ငွေဈေးမည်မျှတက်သွားပါက ရင်းနှီးငွေပမာဏ မည်မျှ လိုအပ်မည်ကို ငွေဈေးနှုံး ဖြစ်နိုင်ချေ သုံးလေးမျိုးခွဲ၍ တင်ပြသင့်ပါသည်။ ထို့အပြင် ရင်းနှီးငွေလိုအပ်ချက်တွင် လက်ငင်းလိုအပ်ငွေ၊ နောင်လာမည့် နှစ်ကာလ အပိုင်းအခြားတခုအတွင်း လိုအပ်မည့်ငွေ၊ ရရှိလာမည့် ရင်းနှီးငွေကို မည်ကဲ့သို့ အသုံးပြုမည် စသည့်အချက်များကို တိတိကျကျ ဖေါ်ပြသင့်ပါသည်။ လိုအပ်မည့် ရင်းနှီးငွေကို မည်သည့်နေရာမှ ရရှိနိုင်သည် (ဥပမာ ဘဏ်ချေးငွေ၊ မိမိစုဆောင်းငွေ)၊ ချေးငွေကို မည်သည့်အချိန်တွင် မည်သိုပြန်လည်ပေးဆပ်မည် စသည့်အချက်များကိုလဲ ဖေါ်ပြရပါမည်။
ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ (Financials)
လုပ်ငန်းအတွက် တိကျသောဦးတည်ချက်များ ချမှတ်ပြီး ဈေးကွက်အခြေအနေကို လေ့လာစမ်းစစ်ပြီးပါက လုပ်ငန်းအတွက် ရင်းနှီးငွေကို မည်ကဲ့သို့ ခွဲဝေအသုံးပြုမည်ကို အသေးစိတ်ဖေါ်ပြထားသော ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို စီးပွားရေးလမ်းညွှန်တွင် ထည့်သွင်းဖေါ်ပြရပါမည်။ လက်ရှိလည်ပါတ်နေသော လုပ်ငန်းဖြစ်ပါက ပြီးခဲ့သည့်နှစ်များမှ ဘဏ္ဍာရေးဆိုင်ရာ စာရင်းရှင်းတမ်းများထည့်သွင်းဖေါ်ပြရန် လိုအပ်ပါသည်။ ထို့အပြင် ရှေ့လာမည့်ကာလများအတွက် ခန့်မှန်းခြေ ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲရပါမည်။ ဤနေရာတွင် သတိပြုရန်အချက်တခုမှာ ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်တွင် ဖေါ်ပြခဲ့သည့် ငွေပမာဏနှင့် သင်၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ လိုက်လျှောညီထွေ ရှိရပါမည်။ ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်တွင် သိန်း ၁၀၀၀ ဘဏ်မှချေးမည်ဟု ဖေါ်ပြထားပြီး ဘဏ္ဍာရေးရှင်းတမ်းများတွင် တနှစ်ဝင်ငွေ ၁၀ သိန်းခန့်သာ ဖေါ်ပြထားပါက သင်၏ချေးငွေ ပြန်လည်ပေးဆပ်နှိုင်စွမ်းကို ယုံကြည်ကြမည် မဟုတ်ပါ။
အထက်ဖေါ်ပြပါ အချက်များမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ငန်းလမ်းညွှန် စီမံချက်ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များဖြစ်ပါသည်။ နောက်လာမည့် ဆောင်းပါးတွင် လုပ်ငန်းစီမံချက်လမ်းညွှန်တခုကို မည်ကဲ့သို့ရေးဆွဲရမည်ကို ဥပမာ တခုဖြင့် တင်ပြသွားပါမည်။
မှီငြမ်းကိုးကား။ ။ US Small Business Administration မှ Writing a Business Plan
စီးပွားရေးလုပ်ငန်းစီမံကိန်းတခု ရေးဆွဲခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

- ဈေးကွက် ထိုးဖေါက်ရေး ဗျူဟာ (သို့မဟုတ်) ဈေးကွက်၀ေစု ပိုမိုရရှိအောင် လုပ်ဆောင်မယ့် နည်းလမ်းများ။ ။အသုံးများတဲ့ ဈေးကွက် ထိုးဖေါက်ရေး ဗျူဟာတွေ ကတော့ ကိုယ့်ပစ္စည်းရဲ့အရည်အသွေးက ပြိုင်ဖက်တွေထက်မသာရင် ဈေးနှုံးကို ပြိုင်ဖက်တွေထက် မများအောင်သတ်မှတ်ခြင်း၊ ကြော်ငြာ နဲ့ တခြား အရောင်းမြှင့်တင်ရေး နည်းလမ်းများကို အသုံးပြုခြင်း၊ ဖြန့်ဖြူးရေးနည်းလမ်းအသစ်များ အသုံးပြုခြင်း၊ ပစ္စည်း အရည်အသွေးကို မြှင့်တင်ခြင်း စတာတွေ ဖြစ်ပါတယ်။
- လုပ်ငန်းချဲ့ထွင်ရေး ဗျူဟာ။ ။ဒီဗျူဟာမှာ လုပ်သားအင်အားတိုးမြှင့်ခြင်း၊ လက်ရှိထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းကို ပိုမိုထုတ်လုပ်ခြင်း၊ လက်ရှိ ကုန်ချောပစ္စည်းသာမက လိုအပ်သည့် ကုန်ကြမ်းပစ္စည်းကိုပါ ပူးတွဲထုတ်လုပ်ခြင်း (သို့မဟုတ်) မိမိထုတ်လုပ်သည့်ပစ္စည်းက ကုန်ကြမ်းပစ္စည်း (ဥပမာ ဂျုံမှုန့်) ဖြစ်ပါက ကုန်ချောပစ္စည်း (ဥပမာ ခေါက်ဆွဲ)ပါ တွဲဖက်ထုတ်လုပ်ခြင်း ဈေးကွက်သို့ ကိုယ်တိုင်ဖြန့်ဖြုးခြင်း စတဲ့အချက်တွေကို ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။
- ကုန်ပစ္စည်း ဖြန့်ဖြူးမှု ဗျူဟာ။ ။ ဒီနေရာမှာ ကိုယ့်ကုန်ပစ္စည်းကို ကိုယ့်တံဆိပ်နဲ့ကိုယ်ဈေးကွက် တင်မှာလား၊ ဒါမှမဟုတ် လက်ကားဒိုင်ကို သွင်းမှာလား၊ ကိုယ့်တံဆိပ်နဲ့ကိုယ်ရောင်းမယ်ဆိုရင် ကိုယ်ပိုင် အရောင်းအဖွဲ့ထားပြီး စားသုံးသူထံ အရောက် တိုက်ရိုက်ရောင်းမှာလား၊ လက်လီဆိုင်တွေကတဆင့် ရောင်းချမှာလား စတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားရပါမယ်။
- ဈေးကွက် ဆက်ဆံရေး ဗျူဟာ။ ။ ကိုယ့်ကုန်ပစ္စည်းအကြောင်းကို စားသုံးသူသိအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားရပါမယ်။ အသုံးများတဲ့ နည်းလမ်းတွေကတော့ ကိုယ့်ကုန်ပစ္စည်းက လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန် အစရှိတာတွေဖြစ်ပါက လက်ကမ်းစာစောင် ကုန်ပစ္စည်းဈေးနှုံးစာရင်း စသည်တို့ကိုသှုံး၍ ကြော်ညာခြင်း၊ အများသုံးမဟုတ်တဲ့ ကုန်ကြမ်းပစ္စည်းလို ပစ္စည်းမျိုးဆိုပါက အသုံးပြုမည့်သူထံ တိုက်ရိုက်သွား၍ ရှင်းလင်းပြောပြရောင်းချခြင်း
အထက်ဖေါ်ပြပါ ဈေးကွက်ဖေါ်ဆောင်ရေး ဗျူဟာများ ရေးဆွဲချမှတ်ပြီးပါက ကိုယ့်ရဲ့ကုန်ပစ္စည်းကို ဘယ်လိုရောင်းချမလဲဆိုတဲ့ အရောင်းစီမံခန့်ခွဲမှုဗျူဟာများကို ချမှတ်ရပါမယ်။ သင့်ရဲ့ အရောင်းစီမံခန့်ခွဲမှု ဗျူဟာတွေမှာ အောက်ဖေါ်ပြပါ ဗျူဟာတွေကို ထည့်သွင်းစဉ်းစားရပ်မယ်။
- အရောင်း၀န်ထမ်း ဆိုင်ရာဗျူဟာ။ ။ တကယ်လို့ ကိုယ့်ရဲ့ကုန်ပစ္စည်းကို ကိုယ်ပိုင်အရောင်းအဖွဲ့နဲ့ ရောင်းချမယ်ဆိုပါက အရောင်း၀န်ထမ်း ဘယ်လောက်လိုအပ်မလဲ၊ လိုအပ်တဲ့ ၀န်ထမ်းတွေကို ဘယ်လိုရှာဖွေခန့်ထားမလဲ၊ ၀န်ထမ်းတွေကို ဘယ်လိုလေ့ကျင့်ပေးမလဲ၊ သူတို့ကို ဘယ်လိုပုံစံနဲ့ လစာပေးမလဲ (ဥပမာ လခစားလား၊ ကော်မရှင်စားလား) စတဲ့ အချက်တွေကို ကြိုတင်စဉ်းစားထားရပါမယ်။
- အရောင်းစီမံခန့်ခွဲမှု။ ။အရောင်းဗျူဟာ ရေးဆွဲတဲ့နေရာမှာ ကိုယ်လုပ်ငန်းရဲ့ရှေ့အလားအလာကို ကြိုတင်ပြီး သုံးသပ်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ နိုင်ငံခြားငွေလဲနှုံး အတက်အကျက ကိုယ့်ကုန်ပစ္စည်းရဲ့ ၀ယ်လိုအား အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မလဲ ဆိုတာမျိုးပေါ့။ ဒါအပြင် ကုန်ပစ္စည်း တခါမှာဖို့အတွက် ၀ယ်ယူသူကို ဘယ်လိုဆက်သွယ်ရသလဲ၊ တလ (သို့မဟုတ်) တပါတ် အတွင်းမှာဘယ်နှစ်ကြိမ်ဆက်သွယ်ရသလဲ၊ တခါမှာရင် ဘယ်လောက်ဖိုးမှာသလဲ၊ ဖေါက်သည် တယောက်ချင်းရဲ့ ဖြုန်းအား စတာတွေကို သုံးသပ်ထားဖို့ လိုအပ်ပါတယ်။
လုပ်ငန်းဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှု (Organisation and Management)
ဒီအခန်းမှာတော့ လုပ်ငန်းရဲ့ပိုင်ဆိုင်မှုပုံစံ (ဥပမာ တစ်ဦးတည်းပိုင် သို့မဟုတ် အစုစပ်)၊ လုပ်ငန်းရဲ့ ဖွဲ့စည်းပုံဇယား စတာတွေပါ၀င်သင့်ပါတယ်။ ဖွဲ့စည်းပုံဇယားမှာ ဘယ်သူက ကိုယ့်လုပ်ငန်းမှာ ဘယ်အလုပ်ကို လုပ်တယ်၊ သူတို့ရဲ့ နောက်ကြောင်းအကျဉ်းနဲ့ ကိုယ်ဘာကြောင့် သူတို့ကို ခန့်ထားတယ်၊ ဘယ်သူက ဘယ်သူကို တာ၀န်ခံရမယ်၊ စတာတွေကို ဖေါ်ပြသင့်ပါတယ်။ လူ သုံးလေးယောက်လောက်နဲ့ လည်ပါတ်နေတဲ့ လုပ်ငန်းလေးတွေအတွက်တော့ ဒီအချက်တွေဟာ အပိုတွေလို ထင်စရာရှိပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းစီမံချက်ကို ဖတ်ရှုသူအနေနဲ့ ဒီအချက်တွေကို သိရှိလိုမှာဖြစ်ပါတယ်။ ဒါအပြင် တာ၀န် ၀တ္တရားတွေကို စာနဲ့သေသေချာချာ မှတ်တမ်းတင်ထားခြင်းဖြင့် လူသစ်ခေါ်တဲ့အခါ၊ လစာ ခံစားခွင့်တွေ ညှိနှိုင်းတဲ့အခါ တွေမှာ အထောက်အကူဖြစ်မှာပါ။
ရင်းနှီးမြုပ်နှံမှု လိုအပ်ချက် (Funding Request)
လုပ်ငန်းသစ် တခုစတတင်ရန် (သို့) လက်ရှိလုပ်ငန်းကို ချဲ့ထွင်ရန် လိုအပ်မည့် ရင်းနှီးမြုပ်နှံမှု ပမာဏကို ဤခေါင်းစဉ်အောက်တွင် ဖေါ်ပြသင့်ပါသည်။ လိုအပ်ပါက ပြောင်းလဲလာနိုင်သည့် အခြေအနေနှင့် အချိန်အခါကို လိုက်၍ လိုအပ်လာနိုင်သည့် ရင်းနှီးငွေပမာဏကို ခွဲခြားပြီး ဖေါ်ပြနိုင်ပါသည်။ ဥပမာအားဖြင့် ပြည်ပမှ စက်ကိရိယာတင်သွင်းရန်လိုအပ်ပါက ငွေဈေးမည်မျှတက်သွားပါက ရင်းနှီးငွေပမာဏ မည်မျှ လိုအပ်မည်ကို ငွေဈေးနှုံး ဖြစ်နိုင်ချေ သုံးလေးမျိုးခွဲ၍ တင်ပြသင့်ပါသည်။ ထို့အပြင် ရင်းနှီးငွေလိုအပ်ချက်တွင် လက်ငင်းလိုအပ်ငွေ၊ နောင်လာမည့် နှစ်ကာလ အပိုင်းအခြားတခုအတွင်း လိုအပ်မည့်ငွေ၊ ရရှိလာမည့် ရင်းနှီးငွေကို မည်ကဲ့သို့ အသုံးပြုမည် စသည့်အချက်များကို တိတိကျကျ ဖေါ်ပြသင့်ပါသည်။ လိုအပ်မည့် ရင်းနှီးငွေကို မည်သည့်နေရာမှ ရရှိနိုင်သည် (ဥပမာ ဘဏ်ချေးငွေ၊ မိမိစုဆောင်းငွေ)၊ ချေးငွေကို မည်သည့်အချိန်တွင် မည်သိုပြန်လည်ပေးဆပ်မည် စသည့်အချက်များကိုလဲ ဖေါ်ပြရပါမည်။
ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ (Financials)
လုပ်ငန်းအတွက် တိကျသောဦးတည်ချက်များ ချမှတ်ပြီး ဈေးကွက်အခြေအနေကို လေ့လာစမ်းစစ်ပြီးပါက လုပ်ငန်းအတွက် ရင်းနှီးငွေကို မည်ကဲ့သို့ ခွဲဝေအသုံးပြုမည်ကို အသေးစိတ်ဖေါ်ပြထားသော ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို စီးပွားရေးလမ်းညွှန်တွင် ထည့်သွင်းဖေါ်ပြရပါမည်။ လက်ရှိလည်ပါတ်နေသော လုပ်ငန်းဖြစ်ပါက ပြီးခဲ့သည့်နှစ်များမှ ဘဏ္ဍာရေးဆိုင်ရာ စာရင်းရှင်းတမ်းများထည့်သွင်းဖေါ်ပြရန် လိုအပ်ပါသည်။ ထို့အပြင် ရှေ့လာမည့်ကာလများအတွက် ခန့်မှန်းခြေ ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲရပါမည်။ ဤနေရာတွင် သတိပြုရန်အချက်တခုမှာ ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်တွင် ဖေါ်ပြခဲ့သည့် ငွေပမာဏနှင့် သင်၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ လိုက်လျှောညီထွေ ရှိရပါမည်။ ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်တွင် သိန်း ၁၀၀၀ ဘဏ်မှချေးမည်ဟု ဖေါ်ပြထားပြီး ဘဏ္ဍာရေးရှင်းတမ်းများတွင် တနှစ်ဝင်ငွေ ၁၀ သိန်းခန့်သာ ဖေါ်ပြထားပါက သင်၏ချေးငွေ ပြန်လည်ပေးဆပ်နှိုင်စွမ်းကို ယုံကြည်ကြမည် မဟုတ်ပါ။
အထက်ဖေါ်ပြပါ အချက်များမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ငန်းလမ်းညွှန် စီမံချက်ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များဖြစ်ပါသည်။ နောက်လာမည့် ဆောင်းပါးတွင် လုပ်ငန်းစီမံချက်လမ်းညွှန်တခုကို မည်ကဲ့သို့ရေးဆွဲရမည်ကို ဥပမာ တခုဖြင့် တင်ပြသွားပါမည်။
မှီငြမ်းကိုးကား။ ။ US Small Business Administration မှ Writing a Business Plan
စီးပွားရေးလုပ်ငန်းစီမံကိန်းတခု ရေးဆွဲခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.
Monday 21 May 2012
Economic reforms in Myanmar: First things first...
မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အပေါ် စာရေးသူ၏အမြင်
The political and economic reform processes in Myanmar may have looked breathtaking for outsiders who used to see the country as a rogue state ruled by a military junta, which was once dubbed as one of the six outposts of tyranny. Now, most of the international organisations have hailed the reform process led by the former generals as the Burmese spring. The international business community is also excited about the potential investment opportunities brought about by recent economic and currency reforms. An official from the Asian Development Bank even described these opportunities as Myanmar gold rush.
Recently, Professor Findlay of Columbia University warned that the influx of foreign investment engender a danger of over appreciation of Myanmar currency under the recently introduced managed floatation regime. It is true that Myanmar Kyat has appreciated about 40% since 2009. If careful and calculated preventative policies were not in placed, recent reforms would push the appreciation of Myanmar Kyat further up. This will have a huge negative impact on the Myanmar’s very fragile, primitive, inexperienced and uncompetitive export industry.
The appreciation of Myanmar kyat, in theory, should lead to higher purchasing power of the currency and, hence, a lower inflation. If this has been the case, the positive impact of increase in consumption expenditure induced by lower price level might have partly offset the adverse impact of decline in the country’s exports due to the exchange rate appreciation. However, the inflation rate is still double digits in Myanmar. In fact, the consumers in Myanmar do not see the benefits of lower prices of imported necessary products such as fuel and cooking oil because of the market frictions caused by high transportation costs, inefficiencies in distribution system and lack of transparency and widespread nepotism in awarding import permits for these essential products. It has been widely acknowledge that the prices of some basic foodstuff in Yangon are higher than those in Singapore, which is ranked as the Asia’s second most expensive city.
If the Monetary Authority of Myanmar is willing to intervene the foreign exchange market to ease the pressure on appreciation of Kyat, they need to increase the supply of Myanmar currency in order to satisfy the growing demand for it. As a result, there will be a high probability of further increase in inflation. Therefore, it is important to implement carefully formulated policies. The government should use incentives to channel foreign direct investment into upgrading the country severely underdeveloped infrastructure and restrict the FDI inflow into other non-productive and mineral resources sectors. It is also important to make sure that the ordinary citizens benefit from the increase in liquidity. This will lead to an increase in consumer demand, which in turn will encourage more investments in real sectors. At the moment, the government policy seems to be leading to the opposite direction. Recently, for example, a few well connected companies, which have helped developing the country’s mobile phone infrastructure in collaboration with the Ministry of Post and Telecommunication, are selling mobile sim card at the price of 0.25 million Kyat (US$300); probably the highest price for a mobile phone line in the world. Such policies will inadvertently lead to a flow of Kyat from the ordinary citizens into the government’s coffer and well connected companies’ purses. This will lead to a substantial decrease in liquidity as well as the consumers spending power. In a developed economy, all these factors are likely to pull down the inflation. However, the problem of inflation in Myanmar is not due to excessive demand. It is due to the supply side problems arising from lower productivity, inefficient production methods, high transportation costs, lack of infrastructure, and above all rampant corruption. Recently, the authority announced a quota system in electricity supply to industrial zones due to shortages of power supply. According to the Voice Weekly, factory owners complained that they have had to rely on their own generators for electricity and the production costs have increased up to six folds.
There is no question about the importance of recent currency and economic reforms. But these reforms will not be enough to cure the chronic illness of Myanmar economy. The clear and present danger is lack of fundamental institutional reforms to tackle the above mentioned supply side problems. Before these fundamental reforms are in place, any attempt to fix Myanmar's economy would be similar to replacing an old thatch roof with modern ceramic roofing tiles without strengthening the foundations and skeleton of an old house. There is a danger of the whole house collapsing due to the weight of new roofing tiles.
(This is my commentary circulated within the department for discussion on 14/04/2012. Comments and critics are welcomed.)
© Myint Moe Chit, 2012.
Saturday 19 May 2012
ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ (၁)
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စတော့ရှယ်ယာရောင်း၀ယ်ရေးဈေးကွက်တခု မကြာခင်ပေါ်ပေါက်လာတော့ မယ်လို့ ဆိုပါတယ်။ ဒီဆောင်းပါးမှာ စတော့ရှယ်ယာရောင်း၀ယ်ရေးနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ၀ေါဟာရများကို ဖေါ်ပြသွားပါမယ်။
စတော့ရှယ်ယာဈေးကွက်ဆိုတာ ကုမ္မဏီတွေရဲ့ အစုရှယ်ယာတွေ (Stock and Shares)၊ ဘဏ္ဍာရေးဆင့်ပွားပစ္စည်းတွေ (Financial Derivatives) ကို ရောင်း၀ယ်တဲ့ ဈေးကွက်တခုဖြစ်ပါတယ်။ ဒီဈေးကွက်ဟာ နယူးယောက် စတော့ရှယ်ယာဈေးကွက် (New York Stock Exchange) လို ရောင်းသူ ၀ယ်သူ တွေ့ဆုံကြတဲ့ အဆောက်အဦးဖြစ်နိုင်သလို၊ အမေရိကန်က နက်(စ)ဒက် (NASDAQ) လို ရောင်း၀ယ်မှုတွေကို ကွန်ပျူတာကွန်ယက်ကနေတဆင့် ဆောင်ရွက်တဲ့ စတော့ရှယ်ယာဈေး ကွက်လဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက အများစုအနေနဲ့ စတော့ဈေးကွက်ဆိုရင် ရှယ်ယာပွဲစားတွေ အရောင်းအ၀ယ်လုပ်တဲ့ ခန်းမထဲမှာ တယောက်နဲ့တယောက် သင်္ကေတတွေပြပြီး အော်ဟစ် ရောင်း၀ယ်ကြတဲ့ ဈေးကွက်မျိုး (Open Outcry) ကိုမြင်မိမှာပါ။ ခုမျက်မှောက်ကာလမှာတော့ ဒီလိုရောင်း၀ယ်မှုစံနစ်မျိုးကို သတ္ထု၊ သီးနှံ စတဲ့ ကုန်စည်ဈေးကွက်တချို့မှာပဲ သုံးပါတော့တယ်။ နယူးယောက် စတော့ရှယ်ယာဈေးကွက်မှာတော့ အရောင်းအ၀ယ်လုပ်တဲ့ ခန်းမမှာ ရှယ်ယာပွဲစားတွေ တွေ့ဆုံ ရောင်း၀ယ်တဲ့ စံနစ်နဲ့ ကွန်ပျူတာကွန်ယက်ကနေရောင်း၀ယ် တဲ့စံနစ် နှစ်မျိုးစလုံးကို သုံးပါသေးတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီးတွေ ပမာဏများများ ရောင်း၀ယ်တဲ့ နေရာမှာဘဲ လူကိုယ်တိုင် တွေ့ဆုံ ဈေးပြိုင်ပေးရောင်း၀ယ်တဲ့ စံနစ်ကို သုံးပါတော့တယ်။ လန်ဒန်စတော့ရှယ်ယာ ဈေးကွက် (London Stock Exchange) နဲ့ တခြားဈေးကွက်တော်တော်များများမှာကတော့ ကွန်ပျူတာ ကွန်ယက်ကနေတဆင့် ရောင်းသူ၀ယ်သူ တွေ့ဆုံပေးတဲ့ စံနစ်ကို ပြောင်းလဲအသုံးပြုနေကြပါပြီ။
ကုမ္ပဏီတွေ အနေနဲ့ ကိုယ့်ရဲ့ ရှယ်ယာတွေကို စတော့ရှယ်ယာဈေးကွက်မှာ စာရင်းသွင်းပြီး အရောင်းအ၀ယ် လုပ်ဖို့ဆိုရင် သက်ဆိုင်ရာ စတော့ရှယ်ယာဈေးကွက်ရဲ့ လိုအပ်ချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ အဲဒီလို စာရင်းသွင်းဖို့ လိုအပ်ချက်တွေက စတော့အိတ်(က)ချိန်း တခုနဲ့ တခု အနည်းငယ်ကွဲပြားပေမယ့် လိုက်နာရမယ့် စည်းကမ်းချက်တွေက များပါတယ်။ နယူးယောက် စတော့ရှယ်ယာဈေးကွက်မှာ စာရင်းသွင်းဖို့ဆိုရင် ကုမ္ပဏီတခု အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ် အတွင်းမှာ ဒေါ်လာ ၁၀ သန်း၀င်ငွေရှိခဲ့ပြီး အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ တစ်သန်းထုတ်ရောင်းချခဲ့ပြီး ဖြစ်ရပါမယ်။ နည်းပညာဆိုင်ရာကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို အဓိက အရောင်းအ၀ယ်ပြုလုပ်တဲ့ နက်(စ)ဒက် (NASDAQ) စတော့အိတ်(က)ချိန်းမှာ စာရင်းသွင်းဖို့ဆိုရင် ၃ နှစ် အတွင်းမှာ ဒေါ်လာ ၁၁ သန်း၀င်ငွေရှိရမှာ ဖြစ်ပြီး အနည်းဆုံး ဒေါ်လာ သန်း ၇၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၁.၂၅ သန်းထုတ်ရောင်းချပြီး ဖြစ်ရမှာ ဖြစ်ပါတယ်။ လန်ဒန်စတော့ရှယ်ယာဈေးကွက် (London Stock Exchange) မှာစာရင်းတင်သွင်းမယ် ဆိုရင်တော့ ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုး အနည်းဆုံး စတာလင်ပေါင် ၇ သိန်း (ဒေါ်လာ ၁.၁ သန်းခန့်) ရှိရမှာဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်စာ စာရင်းစစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းတွေ တင်ပြရမှာ ဖြစ်ပါတယ်။ ဒါအပြင် ကုမ္ပဏီအနေနဲ့ ရှယ်ယာတန်ဖိုး စုစုပေါင်းရဲ့ အနည်းဆုံး၂၅ ရာခိုင်နှုံး ထုတ်ရောင်းချခဲ့ပြီး စတင်စာရင်းသွင်းတဲ့ရက်ကစ၍ ၁၂ လစာလုပ်ငန်းလည်ပတ်ငွေရှိရမှာ ဖြစ်ပါတယ်။
အထက်ဖေါ်ပြပါ လိုအပ်ချက်တွေက ကုမ္ပဏီရဲ့ ထုတ်ဝေပြီး ရှယ်ယာတွေကို စတော့ရှယ်ယာဈေးကွက်မှာ အရောင်းအ၀ယ်ပြုလုပ်ခွင့်ရဖို့နဲ့ ကုမ္ပဏီက နောက်ထပ်ထုတ်၀ေမယ့် ရှယ်ယာတွေကို ရောင်းချခွင့်ရဖို့ဖြစ် ပါတယ်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီတခုက အများပိုင်အဖြစ်ပြောင်းပြီး ရှယ်ယာအသစ်တွေ ထုတ်၀ေရောင်းချဖို့ ဆိုရင်တော့ လိုအပ်ချက်တွေက ပိုပြီး များပြားပါတယ်။ ဒီလိုရှယ်ယာအသစ်တွေ စတင်ရောင်းချတာကို (Initial Public Offering) လို့ခေါ်ပြီးတော့ ရင်းနှီးမြုပ်နှံမှုဘဏ်တွေက တာ၀န်ယူရောင်းချ (underwrite) ပေးလေ့ရှိပါတယ်။ ရင်းနှီးမြုပ်နှံမှုဘဏ်တွေက သူတို့ရဲ့ ဖေါက်သည် ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်းကြီးတွေကို ဈေးနှုံးညှိနှိုင်း ဆက်စပ်ရောင်းချပေးပြီး၊ ဈေးကွက်တင်လိုသည့် ရှယ်ယာများ ရောင်းမကုန်ပါက တာ၀န်ယူပြီး ၀ယ်ယူလေ့ရှိပါတယ်။ ဒီလို ပုဂ္ဂလိကပိုင် ကုမ္ပဏီတခုကရှယ်ယာတွေကို ပထမဆုံး အများပိုင်အဖြစ်ထုတ်ရောင်းတာကို ကနဦးဈေးကွက် (Primary Market) လို့ခေါ်ပြီး ဈေးကွက်ထဲက ထုတ်၀ေပြီး ရှယ်ယာတွေကို ရင်းနှီးမြုပ်နှံသူတွေ အချင်းချင်း အရောင်းအ၀ယ်လုပ်တာကိုတော့ ဒုတိယဈေးကွက် (Secondary Market) လို့ခေါ်ပါတယ်။ စတော့ရှယ်ယာဈေးကွက်တွေက ကနဦးဈေးကွက်မှ တဆင့် စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်တွေကို လိုအပ်တဲ့အရင်းအနှီး နဲ့ စွန့်ဦးတီထွင်မှုပေါ်မှ အကျိုးအမြတ်တွေရအောင် ကြားခံအနေနဲ့ ဆောင်ရွက်ပေးပြီး၊ ဒုတိယဈေးကွက်မှတဆင့် ရင်းနှီးမြုပ်နှံသူတွေ လိုအပ်တဲ့ ငွေဖြစ်လွယ်မှု (liquidity)ကို ဖန်တည်းပေးပါတယ်။ ဒီလို ဒုတိယဈေးကွက်ရှိလို့လည်း ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ စတော့ရှယ်ယာတွေကို ပြန်ရောင်းချင်ရင် အချိန်မရွေးဈေးကွက်ပေါက်ဈေးနဲ့ ပြန်ရောင်းချနိုင်တာဖြစ်တဲ့အတွက် စတော့ရှယ်ယာတွေကို ရဲရဲတင်းတင်း၀ယ်ယူ ရင်းနှီးမြုပ်နှံနိုင်တာဖြစ်ပါတယ်။
နောက်ဆောင်းပါးမှာတော့ စတော့ဈေးကွက် အညွှန်းကိန်းတွေအကြောင်းကို တင်ပြပါမယ်။
ဘဏ္ဍာရေးဆိုင်ရာ ဝေါဟာရများ (၁) by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Tuesday 15 May 2012
စီးပွားရေးလုပ်ငန်းငယ်များအတွက် ဈေးကွက်သုတေသန Small Business Market Research
အောင်မြင်တဲ့စီးပွားရေးတခုကို စတင်ဖို့အတွက် သင်အနေနဲ့ လက်ရှိနဲ့ အလားအလာရှိတဲ့ ဖေါက်သည်တွေ၊ သင့်ရဲ့ပြိုင်ဖက်၊ သင့်ဈေးကွက်ရဲ့စီးပွားရေး အခြေအနေနဲ့ပါတ်သက်တဲ့ အကြောင်းတွေကို လေ့လာဖို့ လိုပါတယ်။ ဈေးကွက်သုတေသနဆိုတာ ဘယ်လိုကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ကိုယ့်ရဲ့ ဖေါက်သည်တွေ ကြိုက်နှစ်သက်သလဲ ဆိုတာနဲ့ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို ပြိုင်ဖက်တွေနဲ့ မတူအောင် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာကို စားသုံးသူတွေရဲ့အမြင်သဘောထားတွေနဲ့ စီးပွားရေးဆိုင်ရာအချက်အလက် တွေကို စုဆောင်းပြီး ဆန်းစစ်တဲ့ လုပ်ငန်းစဉ် တခုဖြစ်ပါတယ်။
ဈေးကွက်သုတေသနကနေ အောက်ဖေါ်ပြပါအချက်တွေနဲ့ ပါတ်သက်ပြီး အထောက်အကူပေးမယ့် တန်ဖိုးရှိတဲ့ သတင်းတွေ ရရှိနိုင်ပါတယ်။
ဈေးကွက်သုတေသနကို ဘယ်လိုလုပ်မလဲ
စီးပွားရေးလုပ်ငန်းတခုနဲ့ ပါတ်သက်ပြီး ဆုံးဖြတ်ချက်တွေချရာမှာ ဘယ်နေရာကစရမလဲဆိုတာသိဖို့ တခါတရံမှာ ခက်ခဲပါတယ်။ ဒါပေမယ့် သင်ရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ဈေးကွက်သုတေသနကို ဘယ်လိုလုပ်ရမလဲ ဆိုတာ လေ့လာသင့်ပါတယ်။ အခြေခံဈေးကွက်သုတေသနကို နားလည်ထားခြင်းဟာ လုပ်ငန်းအောင်မြင်ဖို့အတွက် သော့ချက်တွေထဲက တခုဖြစ်ပါတယ်။ ဈေးကွက်သုတေသန လုပ်ခြင်းဖြင့် ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့နယ်ပယ် (Industry) ကိုယ့်ရဲ့ပြိုင်ဖက် (Competitor) နဲ့ ကိုယ့်ရဲ့ဦးတည်ဈေးကွက် (Target Market) တွေကို သေသေချာချာ နားလည်နိုင်ပါတယ်။
ဈေးကွက်သုတေသနကို မူရင်းသုတေသန (Primary Research) နဲ့ တဆင့်ခံသုတေသန(Secondary Research) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ မူရင်းသုတေသန ဆိုတာ ဈေးကွက်သတင်းရဲ့ မူရင်းဇစ်မြစ်ကို ရောက်အောင်သွားပြီး အချက်အလက် စုဆောင်း မေးမြန်းခြင်းဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကတော့
တဆင့်ခံ သုတေသနဆိုတာကတော့ ကိုယ့်ရဲ့ ဦးတည်ဈေးကွက်နဲ့ ပါတ်သက်တဲ့အချက်တွေကို အောက်ဖေါ်ပြပါ သတင်းအရင်းအမြစ် တွေကနေ ရယူခြင်းဖြစ်ပါတယ်။
သင်အနေနဲ့ ဘယ်လိုဈေးကွက်သုတေသနမျိုးကို ပြုလုပ်သည်ဖြစ်စေ မေးမြန်းစူးစမ်းရမယ့် မေးခွန်းတွေကို
အောက်မှာ ဖေါ်ပြထားပါတယ်။
ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့နယ်ပယ် (Industry) နဲ့ ပါတ်သက်တဲ့ မေးခွန်းများ
ကိုယ့်ရဲ့ပြိုင်ဖက် (Competitor)
ကိုယ့်ရဲ့ဦးတည်ဈေးကွက် (Target Market)
အထက်ပါ မေးခွန်း တွေရဲ့အဖြေတွေက သင်လုပ်ငန်းအတွက် ဘယ်လိုစီးပွားရေးပုံစံမျိုးနဲ့ဖြစ်နိုင်ချေရှိတယ် ဆိုတာဆုံးဖြတ်ဖို့၊ ဈေးကွက်နည်းဗျူဟာ တွေဖေါ်ထုတ်ဖို့ နဲ့ ဘယ်ဈေးကွက်ကိုဦးတည်ရမယ်ဆိုတာ တိတိကျကျ သိနိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။
စီးပွားရေးလုပ်ငန်းငယ်များအတွက် ဈေးကွက်သုတေသန by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.
ဈေးကွက်သုတေသနကနေ အောက်ဖေါ်ပြပါအချက်တွေနဲ့ ပါတ်သက်ပြီး အထောက်အကူပေးမယ့် တန်ဖိုးရှိတဲ့ သတင်းတွေ ရရှိနိုင်ပါတယ်။
- စွန့်စားရမှုတွေကို လျှော့ချရန်၊
- ကိုယ့်ထုတ်လုပ်တဲ့ ကုန်စည်ရဲ့ ဈေးကွက်မှာ ယခုလက်ရှိ နဲ့ နောင်ဖြစ်ပေါ်လာနိုင်မယ့် ပြဿနာတွေကို မြင်နိုင်ရန်၊
- အရောင်းနဲ့ ပါတ်သက်တဲ့ အခွင့်အလမ်းတွေကို ဖေါ်ထုတ်နိုင်ရန်၊
- ဈေးကွက်မှာအောင်မြင်မှုရေအာင် လုပ်ဆောင်ရမည့် လုပ်ငန်းတွေကိုကြိုတင်ဖေါ်ဆောင်ရန်၊
ဈေးကွက်သုတေသနကို ဘယ်လိုလုပ်မလဲ
စီးပွားရေးလုပ်ငန်းတခုနဲ့ ပါတ်သက်ပြီး ဆုံးဖြတ်ချက်တွေချရာမှာ ဘယ်နေရာကစရမလဲဆိုတာသိဖို့ တခါတရံမှာ ခက်ခဲပါတယ်။ ဒါပေမယ့် သင်ရဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ ဈေးကွက်သုတေသနကို ဘယ်လိုလုပ်ရမလဲ ဆိုတာ လေ့လာသင့်ပါတယ်။ အခြေခံဈေးကွက်သုတေသနကို နားလည်ထားခြင်းဟာ လုပ်ငန်းအောင်မြင်ဖို့အတွက် သော့ချက်တွေထဲက တခုဖြစ်ပါတယ်။ ဈေးကွက်သုတေသန လုပ်ခြင်းဖြင့် ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့နယ်ပယ် (Industry) ကိုယ့်ရဲ့ပြိုင်ဖက် (Competitor) နဲ့ ကိုယ့်ရဲ့ဦးတည်ဈေးကွက် (Target Market) တွေကို သေသေချာချာ နားလည်နိုင်ပါတယ်။
ဈေးကွက်သုတေသနကို မူရင်းသုတေသန (Primary Research) နဲ့ တဆင့်ခံသုတေသန(Secondary Research) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ မူရင်းသုတေသန ဆိုတာ ဈေးကွက်သတင်းရဲ့ မူရင်းဇစ်မြစ်ကို ရောက်အောင်သွားပြီး အချက်အလက် စုဆောင်း မေးမြန်းခြင်းဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကတော့
- ကိုယ့်ရဲ့ ဦးတည်ဈေးကွက်ထဲက စားသုံးသူဖြစ်နိုင်သူ တွေကိုစုစည်းပြီးဆွေးနွေးခြင်း (Focus Group) ဥပမာအားဖြင့် ကိုယ်က တက္ကသိုလ်တခု အနီးမှာ မိတ္တူကူးဆိုင်တခုဖွင့်ဖို့ပြင်ဆင်နေတယ်ဆိုပါစို့။ ကိုယ့်ရဲ့ ၀န်ဆောင်မှုကို စားသုံးမဲ့သူတွေဖြစ်တဲ့ ကျောင်းသား ၅ ယောက်လောက်ကို ဖိတ်ခေါ်ပြီး မိတ္တူကူးဆိုင်တွေရဲ့ ၀န်ဆောင်မှုနဲ့ပါတ်သက်ပြီး သူတို့ဖြစ်စေချင်တာ၊ လက်ရှိ ဆိုင်တွေရဲ့ လုပ်ဆောင်ချက်တွေထဲက သူတို့ သဘောကျတဲ့အချက်တွေ၊ မကြိုက်တဲ့ အချက်တွေ စတာတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးစေခြင်းမျိုး ဖြစ်ပါတယ်။
- ကိုယ့်ရဲ့ ဦးတည်ဈေးကွက်ထဲက စားသုံးသူဖြစ်နိုင်သူ တွေကိုမေးမြန်းခြင်း (Interview) ဒီနည်းလမ်းမှာတော့ စားသုံးသူဖြစ်နိုင်ချေရှိသူတွေကို ကိုယ့်ရဲ့ကုန်ပစ္စည်း ၀န်ဆောင်မှု တွေအပေါ်မှာ သူတို့ရဲ့သဘောထား စတာတွေကို တစ်ဦးချင်း မေးမြန်းခြင်း ဖြစ်ပါတယ်။
- ကိုယ့်ရဲ့ပြိုင်ဖက်တွေ ဖွင့်လှစ်ထားတဲ့ဆိုင်၊ အဲဒီ အနီးတ၀ိုက် ပတ်၀န်းကျင်ကို သွားရောက်လေ့ လာခြင်း၊ ပြိုင်ဖက်ရဲ့ အားသာချက်၊ အားနည်းချက်၊ လုပ်ငန်းဆောင်ရွက်မှုနည်းစံနစ် ပတ်၀န်းကျင်ရဲ့တုန့်ပြန်မှု စတာတွေကို ရနိုင်သလောက် အချက်အလက် စုဆောင်းခြင်းဖြစ်ပါတယ်
- ကိုယ့်ရဲ့ ဦးတည်ဈေးကွက်ကို စစ်တမ်းကောက်ယူခြင်း၊ ကိုယ့်ရဲ့ ဖေါက်သည်ဖြစ်လာနိုင်မဲ့သူတွေရဲ့ အမူအကျင့်၊ စားသုံးမှု အလေ့အထ တွေကို မေးမြန်းမှတ်တမ်း တင်ခြင်းဖြစ်ပါတယ်။
- ကိုယ့်ရဲ့ ဦးတည်ဈေးကွက်ရဲ့ အပြုအမူကို လေ့လာခြင်း၊ ဥပမာ၊ ကိုယ်က လဘက်ရည်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတယ် ဆိုပါစို့။ ကိုယ်ဆိုင်ဖွင့်မယ့် ပတ်၀န်းကျင်ကလူတွေ မနက်စာကို အိမ်မှာ စားသလား၊ အလုပ်သွားရင်း လမ်းကဆိုင်မှာ စားတတ်သလား၊ ဘယ်လို မုန့်မျိုးကို စားသုံးတတ်သလဲ၊ စတဲ့ အမူအကျင့်တွေကို လေ့လာခြင်းဖြစ်ပါတယ်။
တဆင့်ခံ သုတေသနဆိုတာကတော့ ကိုယ့်ရဲ့ ဦးတည်ဈေးကွက်နဲ့ ပါတ်သက်တဲ့အချက်တွေကို အောက်ဖေါ်ပြပါ သတင်းအရင်းအမြစ် တွေကနေ ရယူခြင်းဖြစ်ပါတယ်။
- သတင်းစာ၊ ဂျာနယ်၊ စာစောင်တွေ ဖတ်ခြင်း
- အင်တာနက်တွင် ရှာဖွေခြင်း
- လုပ်ငန်းနှင့်ပါတ်သက်သော အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အစီအရင်ခံစာများကို ဖတ်ရှုခြင်း
သင်အနေနဲ့ ဘယ်လိုဈေးကွက်သုတေသနမျိုးကို ပြုလုပ်သည်ဖြစ်စေ မေးမြန်းစူးစမ်းရမယ့် မေးခွန်းတွေကို
အောက်မှာ ဖေါ်ပြထားပါတယ်။
ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့နယ်ပယ် (Industry) နဲ့ ပါတ်သက်တဲ့ မေးခွန်းများ
- ကိုယ့်စီးပွားရေးလုပ်ငန်းရဲ့နယ်ပယ်ဟာ ဘယ်အဆင့် (ကနဦး၊ ရင့်ကျက်၊ ဆုတ်ယုတ်) ကို ရောက်နေသလဲ။ ဥပမာ ကိုယ့်စီးပွားရေးက မိုဘိုင်းဖုန်းနဲ့ ပါတ်သက်တဲ့၀န်ဆောင်မှုတွေပေးတာဆိုရင် မြန်မာနိုင်ငံ မှာဆိုရင် ကနဦးအဆင့်လို့ ပြောလို့ရပါတယ်။ ကိုယ့်ရဲ့စီးပွားရေးက ရေသန့်ထုတ်လုပ်တဲ့လုပ်ငန်း ဆိုရင်တော့ ရင့်ကျက်အဆင့် ဖြစ်ဖို့များပါတယ်။ ကိုယ့်ရဲ့စီးပွားရေးက ဗွီဒီယိုခွေငှားတဲ့ လုပ်ငန်းမျိုး ဆိုရင်တော့ ဆုတ်ယုတ်အဆင့်မှာ ထည့်ဖို့သင့်မှာပါ။
- ကိုယ့်စီးပွားရေးလုပ်ငန်းနယ်ပယ် ရဲ့ အလားအလာက ကောင်းသလား၊ ဆုတ်ယုတ်နေသလား။ခုလက်ရှိမြန်မာနိုင်ငံမှာဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေကို ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းနယ်ပယ် ဆိုရင် အလားအလာ ကောင်းတယ်လို့ ဆိုရမှာပါ။
- ကိုယ့်စီးပွားရေးလုပ်ငန်းနယ်ပယ်ဟာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲ။
- ဘယ်လို အလားအလာတွေက ကိုယ့်စီးပွားရေးလုပ်ငန်းနယ်ပယ်အတွက် အခွင့်အလမ်းတွေ ဖန်တည်းပေးနေသလဲ။
- ကိုယ့်စီးပွားရေးလုပ်ငန်းနယ်ပယ်ရဲ့ ပျမ်းမျှ အမြတ်ရာနှုံးဘယ်လောက်ရှိသလဲ။
ကိုယ့်ရဲ့ပြိုင်ဖက် (Competitor)
- ကိုယ့်ရဲ့ အဓိက ပြိုင်ဖက်တွေက ဘယ်သူတွေလဲ။
- ပြိုင်ဖက်တွေက ဘယ်လောက်ကြီးသလဲ၊ ကိုယ့်လိုဘဲ အသေးစားစီးပွားရေးလုပ်ငန်းတွေလား၊ နိုင်ငံစုံ ကုမ္ပဏီကြီးတွေလား။
- ပြိုင်ဖက်တွေရဲ့ တည်နေရာက ဘယ်မှာလဲ။
- သူ့တို့ရဲ့ စီးပွားရေးလုပ်တဲ့ပုံစံက ဘယ်လိုလဲ၊ ထုတ်လုပ်လိုက်တဲ့ ပစ္စည်း (၀န်ဆောင်မှု) တွေကို ဘယ်လို နည်းလမ်းတွေနဲ့ရောင်းသလဲ (ဥပမာ၊ တိုက်ရိုက်လား၊ ကိုယ်စားလှယ်ထားရောင်းသလား)
- ဘယ်ဈေးနဲ့ရောင်းသလဲ၊ ဘယ်လောက် အမြတ်ကျန် နိုင်သလဲ။
ကိုယ့်ရဲ့ဦးတည်ဈေးကွက် (Target Market)
- ကိုယ့်ရဲ့ စားသုံးသူတွေရဲ့ အသက်အပိုင်းအခြား၊ ကျား/မ၊ လူမျိုး၊ အိမ်ထောင်ရေးအခြေအနေ
- သူ့တို့ရဲ့ ၀င်ငွေက ဘယ်လောက်ရှိသလဲ။
- ကိုယ့်နဲ့ အလားတူပစ္စည်းတွေအပေါ်မှာ စားသုံးသူတွေက ဘယ်လောက်သုံးသလဲ။
- စားသုံးသူတွေက ကုန်ပစ္စည်းကို ဘယ်လို၀ယ်သလဲ (ဥပမာ လက်လီဆိုင်ကလား၊ ထုတ်လုပ်တဲ့ နေရာကလား၊ အိမ်တိုင်ယာရာက်လာရောင်းသူထံကလား)
အထက်ပါ မေးခွန်း တွေရဲ့အဖြေတွေက သင်လုပ်ငန်းအတွက် ဘယ်လိုစီးပွားရေးပုံစံမျိုးနဲ့ဖြစ်နိုင်ချေရှိတယ် ဆိုတာဆုံးဖြတ်ဖို့၊ ဈေးကွက်နည်းဗျူဟာ တွေဖေါ်ထုတ်ဖို့ နဲ့ ဘယ်ဈေးကွက်ကိုဦးတည်ရမယ်ဆိုတာ တိတိကျကျ သိနိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။
စီးပွားရေးလုပ်ငန်းငယ်များအတွက် ဈေးကွက်သုတေသန by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.
Sunday 13 May 2012
စီးပွားရေးလုပ်ငန်းကို တစ်ခုစတင်ဖို့ သင်အဆင်သင့်ဖြစ်ပြီလား၊
လူတော်တော်များများမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စိတ်ကူးရှိကြပါတယ်။ ဒါပေမယ့် လုပ်ငန်း တစ်ခုကို တကယ် စတင်မလုပ်ခင်မှာ ကိုယ်ဟာ စီးပွားရေးလုပ်ငန်းရှင် (Entrepreneur) တယောက် အနေနဲ့ အဆင်သင့် ဖြစ်မဖြစ်သိအောင် အောက်မှာဖေါ်ပြ ထားတဲ့ မေးခွန်း ၂၀ ကိုဖြေဆိုကြည့်ပါ။
၁။ စီးပွားရေးလုပ်ငန်း တစ်ခုစဖို့လိုအပ်တဲ့ ငွေ၊ အချိန်နဲ့ တခြားအရင်းအမြစ်တွေကို အသုံးချဖို့ပြင်ထားပြီလား။
၂။ ဘယ်လိုစီးပွားရေးလုပ်ငန်း မျိုးကို လုပ်ချင်တာလဲ။
၃။ ဘယ်လို ပစ္စည်း၊ ဘယ်လို၀န်ဆောင်မှုမျိုးကို ထုတ်လုပ်မှာလဲ။
၄။ ဘာကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုကို စချင်တာလဲ။
၅။ ကိုယ့်ရဲ့ ပစ်မှတ်ဈေးကွက် (Target Market) က ဘာလဲ။
၆။ ကိုယ့်ရဲ့ ပြိုင်ဖက် (Competitors) က ဘယ်သူလဲ။
၇။ ကိုယ့်ရဲ့စီးပွားရေးအကြံအစည်၊ ထုတ်လုပ်မဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေမှာ သူများနဲ့ မတူတာ ဘာရှိလဲ။
၈။ ထုတ်လုပ်မဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေ ထွက်ရှိလာအောင် ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ။
၉။ ဒီလုပ်ငန်းကို ထူထောင်ဖို့ ငွေဘယ်လောက် လိုအပ်သလဲ။
၁၀။ အမြတ်မပေါ်ခင်မှာ လိုအပ်တဲ့ အရင်းအနှီးကို ဘယ်လောက်ကြာကြာထည့်၀င်နိုင်မှာလဲ။
၁၁။ ငွေချေးဘို့ လိုအပ်မှာသလား
၁၂။ ကိုယ့်ပြိုင်ဖက်နဲ့ ယှဉ်ရင် ဈေးနှုန်းကို ဘယ်လို သတ်မှတ်မှာလဲ။
၁၃။ ကိုယ့်ပစ္စည်းကို ဘယ်လိုဈေးကွက်တင်မှာလဲ။
၁၄။ လုပ်ငန်းကို ဘယ်လိုပုံစံမျိုးနဲ့ စတင်မှာလဲ။ (တစ်ဦးတည်းပိုင်လား၊ အစုစပ်လား)
၁၅။ လုပ်ငန်းကို ဘယ်လိုစီမံခန့်ခွဲမှာလဲ။
၁၇ လုပ်ငန်းကို ဘယ်နေရာမှာ ထားမှာလဲ။
၁၇။ လုပ်ငန်းစဖို့ လုပ်သားဘယ်နှစ်ယောက်လိုသလဲ။
၁၈။ လိုအပ်တဲ့ ကုန်ကြမ်းကို ဘယ်နေရာက၊ ဘယ်သူဆီက ရမှာလဲ။
၁၉။ လုပ်ငန်းအတွက် လိုင်စင်၊ ခွင့်ပြုချက်တွေလိုအပ်သလား၊
၂၀။ ဘယ်လို အခွန်တွေပေးရမှာလဲ။ အခွန်နှုံးက ဘယ်လောက်ရှိသလဲ၊။
သင်ရဲ့ အဖြေတွေက သင်ဟာ စီးပွားရေး လုပ်ငန်းရှင် (Entrepreneur) တစ်ယောက်အနေနဲ့ အဆင်သင့်ဖြစ်ပြီလား၊ ဒါမှမဟုတ် ဘယ်လို အချက်တွေကို အချိန်ယူစဉ်းစားဘို့ လိုအပ်နေသေးတယ်ဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။
စီးပွားရေးလုပ်ငန်းကို တစ်ခုစတင်ဖို့ သင်အဆင်သင့်ဖြစ်ပြီလား၊ by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

ထွန်းသစ်စအရှေ့အာရှနိုင်ငံများတွင် ငွေလဲလှယ်နှုံး အတက်အကျလှုပ်ရှားမှုက နိုင်ငံခြားပို့ကုန်တင်ပို့မှုပေါ်အကျိုးသက်ရောက်မှု နှင့် ဘဏ္ဍာရေးစံနစ်ဖွံ့ဖြိုးတိုးတက်မှု၏အခန်းကဏ္ဍ
ဒီသုတေသန စာတမ်းကတော့ စာရေးသူရဲ့ ပါရဂူဘွဲ့ယူစာတမ်းထဲက အခန်းတခုပေါ်မှာ အခြေခံထားတာပါ။ အပြည်ပြည်ဆိုင်ရာစီးပွားရေးမှာ သုတေသီအများ လက်ခံထားတဲ့ အချက်တခုကတော့ ငွေလဲလှယ်နှုံး အတက်အကျလှုပ်ရှားမှု သိပ်မြန်ဆန်ရင် ပို့ကုန်သွင်းကုန်ကဏ္ဍကို ထိခိုက်စေနိုင်တယ် ဆိုတာပါဘဲ။ စီးပွားရေး သီအိုရီတွေအရတော့ ပို့ကုန်သွင်းကုန်ကဏ္ဍဟာ စွန့်စားရမှုကြီးမားပြီး ငွေလဲလှယ်နှုံး အတက်အကျမြန်ဆန်မှုက ပို့ကုန်သွင်းကုန်မှ အမြတ်အစွန်းရရှိနိင်ချေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီသုတေသန စာတမ်းမှာ နိုင်ငံတနိုင်ငံရဲ့ ဘဏ္ဍာရေးစံနစ်ဖွံ့ဖြိုးတိုးတက်မှုအဆင့်က ငွေလဲလှယ်နှုံး အတက်အကျလှုပ်ရှားမှုကြောင့် ပို့ကုန်သွင်းကုန်ကဏ္ဍတိုးတက်မှုနှေးကွေးရခြင်းကို ဘယ်လိုအကျိုး သက်ရောက်မှုရှိစေတယ်ဆိုတာကို ထွန်းသစ်စအရှေ့အာရှ (၅) နိုင်ငံက အချက်အလက်တွေကို ဘောဂဗေဒတွက်ချက်မှုနည်းစံနစ် (Panel Data Econometrics) ကိုအသုံးပြုပြီး လေ့လာဆန်းစစ် ထားတာဖြစ်ပါတယ်။ ဒီစာတမ်းမှာ တွေ့ရှိချက်ကတော့ ငွေလဲလှယ်နှုံး အတက်အကျ လှုပ်ရှားမှုမြန် ဆန်ခြင်းကြောင့် နိုင်ငံခြားပို့ကုန်တင်ပို့မှု ကျဆင်းရတဲ့ အကျိုးဆက်ကို ဘဏ္ဍာရေးစံနစ်ဖွံ့ဖြိုးတိုးတက်မှုအဆင့်နိမ့်ကျတဲ့ နိုင်ငံတွေမှာ ပိုပြီးတွေ့ကြုံရတယ်ဆိုတာပါဘဲ။
Abstract
Non-linear effect of exchange rate volatility on exports: The role of financial sector development in emerging East Asian economies
Abstract
Non-linear effect of exchange rate volatility on exports: The role of financial sector development in emerging East Asian economies
Myint Moe Chit and Amrit Judge
Department of Economics and Statistics, Middlesex University Business School, London, UK
This paper empirically examines the role of financial sector development in influencing the impact of exchange rate volatility on the exports of five emerging East Asian countries – China, Indonesia, Malaysia, the Philippines and Thailand – using a GMM-IV estimation method. The results indicate that the effect of exchange rate volatility on exports is conditional on the level of financial sector development. The less financially developed an economy the more its exports are adversely affected by exchange rate volatility. In addition, a stable exchange rate seems to be a necessary condition to achieve export promotion via a currency depreciation in these economies.
Key words: East Asia; Exports; Exchange rate volatility; Financial sector development
JEL Classification: F13; F14; F31; O16
Chit, M. and Judge, A. (2011) ‘Non-linear effect of exchange rate volatility on exports and the role of financial sector development: Evidence from the emerging East Asian economies’, International Review of Applied Economics, 25(1), pp. 107-119. http://www.tandfonline.com/doi/abs/10.1080/02692171.2010.483463#preview

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၏ နိုင်ငံခြားပို့ကုန်တင်ပို့နိုင်မှုအလားအလာ
ဒီသုတေသနဆောင်းပါးက ဖွံ့ဖြိုးဆဲနှင့် ထွန်းသစ်စနိုင်ငံများရှိ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ၏ နိုင်ငံခြားပို့ကုန်အလားအလာကို ပြဌါန်းပေးသော အကြောင်းရင်းများကို ကမ္ဘာ့ဘဏ်မှ နောက်ဆုံး ထုတ်ပြန်လိုက်သည့် စီးပွားရေးပတ်၀န်းကျင်နှင့် လုပ်ငန်းများ၏ လုပ်ဆောင်ချက် စစ်တမ်းမှ အချက်အလက် များကို အသုံးပြုပြီး လေ့လာစမ်းစစ်ထားခြင်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၄၁ နိုင်ငံက ကုန်ထုတ်လုပ်ငန်းပေါင်း ၉၈၀၁ ခုကို ဘောဂဗေဒနှင့်စာရင်းအင်းဆိုင်ရာ တွက်ချက်မှုတွေ အသုံးပြုပြီး လေ့လာထားပါတယ်။ ဒီဆောင်းပါးရဲ့ တွေ့ရှိချက်တွေကတော့ နိုင်ငံခြား တိုင်းပြည် တခုကိုပစ္စည်းတင်ပို့ရာမှာ ကြုံတွေ့ရမယ့် အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ အတွက် လုပ်ငန်းရဲ့ အရွယ်ပမာဏက ပိုအရေးပါပြီး၊ လုပ်ငန်းရဲ့ သက်တမ်းကတော့ အရေးမကြီးပါဘူး။ တခြားလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ရင် ပစ္စည်းအသစ်၊ လုပ်ဆောင်မှုအသစ်တွေ တီထွင်ထုတ်လုပ်နိုင်တဲ့ လုပ်ငန်းတွေက နိုင်ငံခြားဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ အလားအလာ ပိုရှိပါတယ်။ ဒါပေမယ့် တီထွင်ထုတ် လုပ်နိုင်စွမ်းရှိမှုဟာ ပို့ကုန်ပမာဏ ပိုမိုတင်ပို့နိင်မှုအပေါ်မှာတော့ အကျိုးသက်ရောက်မှု မရှိပါဘူး။ တခြားတွေ့ရှိချက်တခုကတော့ ငွေရေးကြေးရေး အကျပ်အတည်းမရှိတဲ့ လုပ်ငန်းတွေက နိုင်ငံခြားကို ပစ္စည်း တင်ပို့သူဖြစ်ဖို့ ပိုအလားအလာရှိပြီး၊ ပို့ကုန်ပမာဏလည်း ပိုမိုတင်ပို့နိင်တာတွေ့ရပါတယ်။ ဒီတွေ့ရှိချက်တွေအရ စီးပွားရေးရာမူ၀ါဒချမှတ်သူတွေအနေနဲ့ သေးငယ်တဲ့ လုပ်ငန်းအသစ်တွေကို မြန်မြန် ကြီးထွားလာအောင် မလိုအပ်တဲ့ အတားအဆီးတွေကို ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေကို တီထွင်ထုတ်လုပ်နိုင်စွမ်း ရှိဖို့ မူ၀ါဒချမှတ်ပေးပြီး လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ လုပ်ငန်းတွေကို ငွေကြေးလည်ပတ်မှုကောင်းအောင် လိုအပ်တဲ့ အထောက်အပံ့ပေးပြီး ဘဏ်နဲ့ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေက တီထွင်ထုတ်လုပ်နိုင် စွမ်းရှိတဲ့ လုပ်ငန်းတွေကို ငွေပိုမိုချေးလိုအောင် အားပေးဖို့ ဘဏ္ဍာရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်ပါတယ်။
ABSTRACT
This paper examines the factors that facilitate the export propensity of Small and Medium sized Enterprises in developing and emerging economies by using firm-level data from the most recent Business Environment and Enterprise Performance Survey (BEEPS). The working sample analysed in this paper includes 9801 manufacturing firms from 41 emerging and transition countries. The findings of the paper suggest that economies of scale is more important than learning economies for SMEs to overcome barriers to participating in export activity. Whilst innovative firms are more likely to participate in export activity (export propensity), the impact of innovation on incremental increase in the ratio of exports to total turnover (export intensity) is not significant. On the other hand, the findings have confirmed that financially less constraint SMEs are more likely to participate in export markets as well as benefit from higher export intensity than SMEs with financial constraints. The findings of the paper may shed some light on designing and formulating strategic decisions and SME related policies to promote export participation. The results of the paper suggest it is important to support young SMEs to grow quickly since economies of scales is more important than learning economies in emerging economies. One policy implication could be for governments to focus on designing their industrial policies to remove barriers to expansion in order to support SMEs’ export potential. Policy makers should also create a business environment which supports innovative firms. It is also important to implement necessary policies to provide liquidity assistance and financial reforms that encourage banks and financial institutions to provide loans to innovative SMEs.
(စင်ကာပူ စီမံခန့်ခွဲမှုဖွံ့ဖြိုးတိုးတက်ရေးဂျာနယ် တွင် ဖေါ်ပြရန်လက်ခံပြီး)
SMEs and Exports: Firm Level Evidence from Developing and Emerging Economies
ABSTRACT
ဘဏ္ဍာရေးအကြပ်အတည်း (Financial Crisis) ကိုဖြစ်စေခဲ့တဲ့ သင်္ချာညီမျှခြင်း
တစ်ယောက်ယောက်က ရေးလိုက်တဲ့ သင်္ချာညီမျှခြင်း တစ်ခုက ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တခုတော့မဟုတ်ပါဘူး။ တခါတလေတော့ ဖြစ်တတ်ပါတယ် ဆိုပေမယ့် အမြဲတမ်း ကမ္ဘာကြီးကို အကောင်းဘက် ပြောင်းလဲစေခဲ့တာ မဟုတ်ပါ။ ခုပြောနေကြတာတော့ ဘလက်-ရှိုးလ် (Black-Scholes) လို့လူသိများတဲ့ သင်္ချာညီမျှခြင်းနဲ့ အဲဒီညီမျှခြင်းက ပေါက်ဖွားလာတာတွေက ဘဏ္ဍာရေး လောကကြီး ကို ဂျွမ်းထိုးမှောက်ခုံ ဖြစ်အောင် ဦးတည်စေခဲ့တယ်ဆိုတာပါဘဲ။
ဘလက်-ရှိုးလ် ညီမျှခြင်းကို ၁၉၇၀ ခုနှစ်များဆီကရေးသားခဲ့တာဆိုပေမယ့် နောက်ခံအကြောင်းရင်း ကတော့ ၁၇-ရာစုနှစ် ဂျပန်က ဆန်စပါး ကုန်စည်ဒိုင်တစ်ခုမှာ ကုန်သည်တွေ ကြိုရောင်းကြို၀ယ်ကတိတွေ လုပ်ခဲ့ကြတာ က အစပြုခဲ့တာပါ။ ရိုးရိုး ကြိုရောင်းကြို၀ယ်စာချုပ် (Future Contracts) ဆိုတာကတော့ ဥပမာ နောက် ၆-လ (၂၀၁၂ ခု နို၀င်ဘာလ ၅ ရက်) အချိန်မှာ ပဲစင်းငုံ တင်း ၁၀၀ ကို တတင်း ၄၅၀၀၀ ကျပ်နှုံး နဲ့ ၀ယ်ဖို့ နှစ်ဦး သဘောတူ စာချုပ် ချုပ်ဆိုတာ မျိုးပါ။ မြန်မာနိုင်ငံမှာတော့ လေပါတ်ကားလို့ခေါ်ပြီးတရား၀င်လုပ်ခွင့်မရှိသေးဘူးလို့ ထင်ပါတယ်။
၂၀-ရာစုကိုရောက်တဲ့အခါမှာတော့ ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့ (Chicago Board of Trade) က ကြိုရောင်းကြို၀ယ်စာချုပ်တွေသာမက၊ အနာဂါတ်တချိန်မှာ ၀ယ်ခွင့်ရောင်းခွင့်စာချုပ် (Options Contracts) တွေကိုပါ ဈေးကွက်ဖွင့်ပေးခဲ့ပါတယ်။ ၀ယ်ခွင့်ရောင်းခွင့်စာချုပ် ဆိုတာကတော့ နာမည်မှာပါတဲ့ အတိုင်း အနာဂါတ်မှာ ပစ္စည်းတခုကို လက်ရှိအချိန်မှာ နှစ်ဦးသဘောတူ သတ်မှတ်ထားတဲ့ဈေးနဲ့ ရောင်းပိုင်ခွင့် (သို့မဟုတ်) ၀ယ်ပိုင်ခွင့် အခွင့်အရေး ဖြစ်ပါတယ်။ ဥပမာ နောက် ၆-လ (၂၀၁၂ ခု နို၀င်ဘာလ ၁၀ ရက်) အချိန်မှာ ပဲစင်းငုံ တင်း ၁၀၀ ကို တတင်း ၄၅၀၀၀ ကျပ်နှုံး နဲ့ ၀ယ်ပိုင်ခွင့်ကို နှစ်ဦး သဘောတူ စာချုပ် ချုပ်ဆိုတာ မျိုးပါ။ ၀ယ်ပိုင်ခွင့် ပါ။ ကြိုရောင်းကြို၀ယ်စာချုပ် (Future Contracts) လို သတ်မှတ်ထားတဲ့ဈေးနဲ့ ၀ယ်ကို ၀ယ်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ၂၀၁၂ ခု နို၀င်ဘာလ ၁၀ ရက်ရောက်တဲ့အချိန်မှာ ပဲစင်းငုံ ဈေးက ၅၀၀၀၀ ဖြစ်သွားတယ်ဆိုပါစို့။ ၀ယ်ပိုင်ခွင့်ရှိသူက သူ့မှာရှိတဲ့ တတင်းကို ၄၅၀၀၀ ကျပ်နှုံး နဲ့ ၀ယ်ပိုင်ခွင့် အခွင့်အရေးကို အသုံးချမှာဖြစ်ပါတယ်။ တကယ်လို့ အဲဒီအချိန်မှာ ပဲဈေးက တတင်းကို ၄၀၀၀၀ ကျပ်နှုံး ဖြစ်သွားရင်တော့ ၀ယ်ပိုင်ခွင့်ရှိသူက သူ့မှာရှိတဲ့ ၀ယ်ပိုင်ခွင့် အခွင့်အရေးကို အသုံးမချတော့ဘဲ၊ အပြင် ဈေးကွက်မှာ ပေါက်ဈေးနဲ့ ၀ယ်မှာဖြစ်ပါတယ်။ စာဖတ်သူလည်း ဒီလို အခွင့်အရေးမျိုးဟာ အလွန်အသုံး၀င်မယ်ဆိုတာ စဉ်းစားမိပါမှာ။ ဒါပေမယ့် ပြဿနာရှိတာက ဒီလို အခွင့်အရေးမျိုး ဘယ်လို တန်ဘိုးဖြတ်မလဲ ဆိုတာပါဘဲ။ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တယ်ဆိုတဲ့ ဘလက်-ရှိုးလ် (Black-Scholes) ညီမျှခြင်းဟာ ဒီပြဿနာကို ဖြေရှင်းဖို့ တီထွင်ခဲ့တာပါ။
ညီမျှခြင်းကို ပူးတွဲတီထွင်ခဲ့တဲ့ စတန်ဖို့ တက္ကသိုလ် စီးပွားရေးပညာဌာနက ဘဏ္ဍာရေးပညာ ပါမောက္ခ မိုင်ရွန်ရှိုးလ် (Myron Scholes) ရဲ့ အဆိုအရ အနာဂါတ်တချိန်ချိန်မှာ ဒါမှမဟုတ် အချိန်ကာလ အတိုင်း အတာတခုအတွင်းမှာ ပစ္စည်းတခုကို ကြိုတင်သတ်မှတ်ထားတဲ့ဈေးနှုံးနဲ့ ၀ယ်ပိုင်ခွင့် (Call Options) ရောင်းပိုင်ခွင့် (Put Options) အခွင့်အရေးကို ဘယ်လို တန်ဖိုးဖြတ်သတ်မှတ်မလဲ ဆိုတဲ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခြင်းပါဘဲ။
ပါမောက္ခ မိုင်ရွန်ရှိုးလ်ဟာ ငယ်ရွယ်စဉ်ကထဲက ဘဏ္ဍာရေးကို အလွန်စိတ်၀င်စားသူဖြစ်ခဲ့ပါတယ်။ ဆယ်ကျော်သက် အရွယ်မှာ စတော့ရှယ်ယာအရောင်းအ၀ယ်လုပ်ဖို့ သူ့အမေနာမည်နဲ့ စာရင်းတခုဖွင့်ခိုင်းခဲ့ ပါတယ်။ သူနဲ့ပါတ်သက်ပြီး အံ့သြစရာကောင်းတဲ့ အချက်တခုကတော့ သူ့ရဲ့ ဘွဲကြို နဲ့ ပါရဂူဘွဲ့ သင်တန်း ကာလ တလျှောက်လုံးမှာ မျက်စိလုံးလုံးနီးပါး ကွယ်နေခဲ့တာပါဘဲ။ သူပြောတာကတော့ အဲဒီလို မျက်စိ မကောင်းတဲ့အတွက် သူဟာ နားထောင်ခြင်း နဲ့ တွေးတောဆင်ခြင်ခြင်းတွေမှာ အလွန်ကို ထက်မြက်ခဲ့တယ် လို့ဆိုပါတယ်။ သူ့အသက် ၂၆ နှစ်မှာတော့ မျက်စိကို ခွဲစိတ်ကုသခဲ့ပြီး အမြင်အာရုံ ပြန်လည်ရရှိခဲ့ပါတယ်။
နောက်တနှစ်မှာ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (MIT) မှာ တွဲဖက်ပါမောက္ခဖြစ်လာပြီး အဲဒီမှာဘဲ အခွင့်အရေးကို ဘယ်လို တန်ဖိုးဖြတ်သတ်မှတ်မလဲ ဆိုတဲ့ ပဟေဠိကို ဖြေရှင်းဖို့စတင်ကြိုးစားခဲ့ပါတယ်။ အဲဒီ ပဟေဠိရဲ့တစိတ်တပိုင်းကတော့ ပဲစင်းငုံ တင်း ၁၀၀ ကို ကြိုတင်သတ်မှတ်ထားတဲ့ တတင်း ၄၅၀၀၀ ကျပ်နှုံး နဲ့ နောက် ၆-လမှာ ၀ယ်ပိုင်ခွင့် အခွင့်အရေးရဲ့ တန်ဖိုးဟာ လက်ရှိ ပဲစင်းငုံဈေးနဲ့ အနာဂါတ်မှာဈေးနှုံး အတက်အကျ ဘယ်လို ဖြစ်မလဲဆိုတဲ့ စွန့်စားရမှုနဲ့ ပါတ်သက်ပါတယ်။ ဒါပေမယ့် လက်ရှိ ပဲစင်းငုံပေါက်ဈေးနဲ့ အနာဂါတ်တချိန်ချိန်မှာ ပဲစင်းငုံကို ကြိုတင်သတ်မှတ်ထားတဲ့ ဈေးနဲ့ ၀ယ်ပိုင်ခွင့် အခွင့်အရေးရဲ့တန်ဘိုး အကြား ဆက်နွယ်မှုဟာ ရိုးရိုးရှင်းရှင်းရှိတာတော့ မဟုတ်ပါဘူး။ ၀ယ်ပိုင်ခွင့် အခွင့်အရေးကို တကယ်အသုံးပြုဖို့ အလားအလာ ဘယ်လောက် ရှိသလဲဆိုတာအပေါ်မှာမူတည်နေ ပါတယ်။ အဲဒီ အလားအလာကလည်း တကယ်တော့ ပဲစင်းငုံကို ဘယ်ဈေးနဲ့၀ယ်ခွင့်ရှိသလဲဆိုတာနဲ့ လက်ရှိ ပဲစင်းငုံဈေးပေါ်မှာ မှုတည်နေပြန်ပါတယ်။
ရှိုးလ်ဟာ အဲဒီပြဿနာတွေကို သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တဦးဖြစ်တဲ့ ဖစ်ရှာဘလက် (Fisher Black) ပူးပေါင်းပြီး တနှစ်ခွဲလောက် အကြာမှာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သိလာတာကတော့ သူတို့ရဲ့ ဘလက်-ရှိုးလ် ညီမျှခြင်းဟာ အနာဂါတ်တချိန်မှာ ပစ္စည်းတခုကို ကြိုတင်သတ်မှတ်ထားတဲ့ဈေးနဲ့ ၀ယ်ပိုင်ခွင့် အခွင့်အရေးကိုဈေးနှုံးသတ်မှတ်ရာသာမက တခြား ဘဏ္ဍာရေး ပိုင်ဆိုင်ခွင့် တွေကို တန်ဘိုးသတ်မှတ်ရာမှာပါ အသုံး၀င်တယ်ဆိုတာပါဘဲ။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဘလက်-ရှိုးလ် ညီမျှခြင်းဟာ လူတွေကို ၀ယ်ပိုင် ရောင်းပိုင်ခွင့် အခွင့်အရေးတွေကို ယုံယုံကြည်ကြည်နဲ့လွယ်ကူလျင်မြန်စွာ ရောင်း၀ယ်ဖေါက်ကားနိုင်အောင် ဈေးကွက်ဖွင့် ပေးခဲ့ပါတယ်။ ဒီ့နောက်ပိုင်းမှာတော့ ကုန်ပစ္စည်းသာမက အများကြီး ပိုမိုရှုတ်ထွေးတဲ့ ဘဏ္ဍာရေး ဆိုင်ရာပစ္စည်းတွေ (ဥပမာ နိုင်ငံခြားငွေလဲနှုံး၊ အတိုးနှုံး) ကို ၀ယ်ပိုင်ရာင်းပိုင်ခွင့် အခွင့်အရေးတွေကို တန်ဖိုးဖြတ်ရောင်း၀ယ်ရာမှာလည်း ဘလက်-ရှိုးလ် ညီမျှခြင်းကို အသုံးပြုလာကြပါတယ်။ ရှိုးလ်အနေနဲ့ သူ့ရဲ့ ညီမျှခြင်းဟာ အသုံး၀င်နိုင် တယ်လို့တော့ တွေးထင်ထားခဲ့ပေမယ့် ခုလို ဘဏ္ဍာရေးလောကကြီး တခုလုံးကို လုံးလုံးလျားလျား ပြောင်းလဲသွားတဲ့အထိ ဖြစ်လာလိမ့်မယ်လိုတော့ မမျှော်လင့်ခဲ့ပါဘူး။ ရှိုးလ်နဲ့ ဘလက်တို့ ညီမျှခြင်းထုတ်ဖေါ်ပုံပါတဲ့ ဆောင်းပါးကို ၁၉၇၃ ခုနှစ်မှာ ပုံနှိပ်ထုတေ်၀ပြီး တစ်လလောက် အကြာမှာဘဲ ရှီကာဂို ကုန်စည်ဒိုင်က အစုရှယ်ယာ ၁၆ မျိုးအား ၀ယ်ပိုင်ရာင်းပိုင်ခွင့် အခွင့်အရေးကို စတင်ပြီး ရောင်း၀ယ်ခွင့် ပြုခဲ့ပါတယ်။ အဲဒီ အချိန်မှာရှိုးလ်ဟာ ရှီကာဂိုတက္ကသိုလ် ကိုပြောင်းရွှေ့ခဲ့ တာ နှစ်အတော်ကြာပြီဖြစ်ပြီး ဘလက်-ရှိုးလ် ညီမျှခြင်းနဲ့ သက်ဆိုင်တဲ့နည်းစံနစ်တွေကို ကျောင်းသားတွေ ကိုသင်ကြားနေပါပြီ။
မက်ဆာချူးဆက် စက်မှုတက္ကသိုလ်နဲ့ ရှီကာဂိုတက္ကသိုလ်တွေမှာ ဘလက်-ရှိုးလ် ညီမျှခြင်းကို အသုံးပြုနည်း သင်ကြားခဲ့တဲ့သူတွေဟာ နောင်နှစ်အနည်းငယ်အကြာမှာ ဘဏ္ဍာရေးလောကထဲကို ၀င်ရောက်လာကြပါတယ်။ အဲဒီလောကထဲမှာဘဲ အတွေ့အကြုံ နဲ့ ကိုယ်ပိုင်ထိုးထွင်းဥာဏ်ကိုသုံးပြီး ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှုတွေကို အခြေခံထားတဲ့ ဆင့်ပွားပစ္စည်းတွေ (Financial Derivatives) ကိုရောင်း၀ယ် ဖေါက်ကားသူတွေရှိနေပါတယ်။ တိုတောင်းလှတဲ့ အချိန်အတွင်းမှာဘဲ ကိုယ်ပိုင်ထိုးထွင်းဥာဏ်ကိုသုံးပြီး အရောင်းအဝယ်လုပ်နေတဲ့သူတွေရဲ့နေရာမှာ ဈေးနှုံးသတ်မှတ်တဲ့ နည်းစံနစ်တွေကို စံနစ်တကျ သင်ကြားခဲ့သူတွေက လုံးလုံးလျားလျား နေရာယူသွားပါတယ်။ ဒါပေမယ့် အဲဒီဖြစ်ရပ်ဟာ အစပဲရှိပါသေးတယ်။ ၂၀၀၇ ခုနှစ်ရောက်တဲ့အခါမှာ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှုတွေကို အခြေခံထားတဲ့ ဆင့်ပွားပစ္စည်းတွေ ကို ရောင်း၀ယ်တဲ့ဈေးကွက်တန်ဖိုးဟာ တစ် ကွာဒရီလီယံ ဒေါ်လာ (one quadrillion = one thousand million million = 1,000,000,000,000,000) ထိရှိလာပါတယ်။ အဲဒီပမာဏဟာ ဒီကမ္ဘာကြီးပေါ်မှာ သမိုင်းစတင်ကထဲက ထုတ်လုပ်ခဲ့တဲ့ ကုန်ပစ္စည်းတန်ဘိုး စုစုပေါင်းရဲ့ ၁၀ ဆနဲ့ ညီမျှပါတယ်။
ဘလက်-ရှိုးလ် ညီမျှခြင်းဟာ ဈေးကွက်ရဲ့ စမ်းသပ်မှုကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှု ဘဏ်တွေ၊ ရင်းနှီးမြုပ်နှံမှုရံပုံငွေအဖွဲ့တွေက ဒီညီမျှခြင်းကို ပိုပြီးမှီခိုလာကြတာနဲ့အမျှ အဲဒီ အဖွဲ့အစည်းတွေ ဟာ အမှားအယွင်းတွေပြုလုပ်မိမယ့် အားနည်းချက်တွေ၊ သင်္ချာညီမျှခြင်းတွေရဲ့ သဘောသဘာ၀ဖြစ်တဲ့ ရိုးရှင်းအောင်ပြုလုပ်ထားမှုကြောင့် လက်တွေ့လောကနဲ့ မကိုက်ညီမှုကနေဖြစ်ပေါ်လာမယ့် ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ့် အခွင့်အလမ်း ပို၍ပို၍ များပြားလာပါတယ်။
ဒီညီမျှခြင်းက ကြီးမားတဲ့ ဈေးကွက်အတက်အကျလှုပ်ရှားမှုတွေဟာ အလွန်တရာ ဖြစ်တောင့်ဖြစ်ခဲတဲ့ ဖြစ်ရပ် ဆိုတဲ့ ယူဆချက်အပေါ်မှာ အခြေခံထားတာပါ။ အဓိက ပြဿနာကတော့ တကယ့်ဈေးကွက်မှာ ဈေးနှုံး အတက်အကျ ကြမ်းကြမ်းဖြစ်ရပ် တွေဟာ ဘလက်-ရှိုးလ် မော်ဒယ်က ခန့်မှန်းတာထက် ပိုပြီး မကြာခဏ တွေ့ကြုံရတတ် တာပါဘဲ။ နောက် ပြဿနာတခုကတော့ လူတိုင်းက ဒီသင်္ချာဆိုင်ရာ အခြေခံမူတွေကိုဘဲ အသုံးပြုနေတာဖြစ်တဲ့အတွက် အားလုံးက ဒီအဖြေတခုဘဲ ရဖို့ဖြစ်လာတာပါဘဲ။ ဒီလိုပြဿနာတွေရှိတာသိကြပေမယ့် မရှင်းလင်းတဲ့အချက်တွေကတော့ ဒီပြဿနာတွေဟာ လျှစ်လျူရှုထားနိုင်လောက်အောင် သေးငယ်သလား၊ ဒါမှမဟုတ် ဒီပြဿနာတွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာ ကောင်းကောင်း နားလည်ကြရဲ့လား ဆိုတဲ့ အချက်တွေပါဘဲ။ ဒီလိုနဲ့ဘဲ ၁၉၉၇ ခုနှစ်မှာ ဘလက်-ရှိုးလ် ညီမျှခြင်းကို တီထွင်သူတွေဟာ စီးပွားရေးပညာရပ်အတွက် နိုဘဲလ်ဆုကို ချီးမြှင့်ခြင်းခံရပါတယ်။ ပါမောက္ခ ဘလက်က ၁၉၉၅ မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့တဲ့အတွက် ရှိုးလ်ဟာ နိုဘဲလ်ဆုကို ရောဘတ်မာတွန် (Robert Merton) ဆိုတဲ့ တခြား ၀ယ်ပိုင်ရာင်းပိုင်ခွင့် အခွင့်အရေးဆိုင်ရာ တွက်ချက်မှု ပညာရှင်တဦးနဲ့ ပူးတွဲရရှိခဲ့ပါတယ်။ ပညာရေး နဲ့ ဘဏ္ဍာရေး အသိုင်းအ၀ိုင်း နှစ်ခုစလုံးက သူတို့ဟာ ဒီဆုကို တကယ်ထိုက်ထိုက်တန်တန် ရခဲ့တာလို့ လက်ခံကြပါတယ်။ ကျွန်တော့ အနေနဲ့ ဘလက်-ရှိုးလ် ညီမျှခြင်းကို မဟာတန်းတက်ရင်းနဲ့ လေ့လာခွင့်ရခဲ့ပါတယ်။ ကိုယ်က တကယ့်လက်တွေ့ ဘဏ္ဍာရေး လောကမှာ အသုံးချတဲ့သူမဟုတ်လို့ လက်တွေ့အသုံး၀င်မှုကို မငြင်းခုံလိုပေမယ့် ပညာရေးရှုထောင့်က ကြည့်ရင်တော့ ဘလက်-ရှိုးလ် ညီမျှခြင်းဟာ အလွန်တရာကို လှပတဲ့၊ ဥာဏ်ကြီးရှင်တွေရဲ့ ဖေါ်ထုတ်တွေ့ရှိချက်ဆိုတာ သိသာထင်ရှားပါတယ်။
ရှိုးလ် ရဲ့ဖေါ်ထုတ်တွေ့ရှိချက်ဟာ ဘဏ္ဍာရေး လောကမှာ လုပ်ကိုင်နေကြတဲ့ သင်္ချာပညာမှာ တဖက်ကမ်းခပ်တော်တဲ့သူတွေ မျိုးဆက်တခုလောက်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဲဒါရဲ့ အကျိုးဆက်တခု ကတော့ ရင်းနှီးမြုပ်နှံမှု ဘဏ်တွေ၊ ရင်းနှီးမြုပ်နှံမှုရံပုံငွေအဖွဲ့တွေက သင်္ချာပညာ၊ စာရင်းအင်းပညာ၊ ကွန်ပျူတာပညာရပ် တွေမှာ အလွန်တော်တဲ့ ပညာရှင်တွေကို အလုပ်ခန့်ပြီး ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင် မှုတွေကို အခြေခံထားတဲ့ ဆင့်ပွားပစ္စည်းတွေ (Financial Derivatives) ကိုရောင်း၀ယ် ဖေါက်ကားရာမှာ အသုံးပြုဖို့ ညီမျှခြင်းတွေ၊ ပုံသေနည်းတွေ၊ မော်ဒယ်တွေ ရေးဆွဲ အသုံးပြုလာကြတာပါဘဲ။ အဓိကပြဿနာ ကတော့ ဘဏ္ဍာရေးဆင့်ပွားပစ္စည်းတွေရဲ့ ဈေးနှုံးတွေကို အလွန်ရှုပ်ထွေးပြီး နားလည်ဖို့ခက်ခဲလှတဲ့ ကွန်ပျူတာ မော်ဒယ်တွေက သတ်မှတ်ပေးတဲ့အခါ၊ ဒီဈေးနှုံးတွေတကယ်တန် မတန်ဆိုတာကို လူ့ဦးဏှောက်နဲ့ ၀ေဖန်ပိုင်းခြားနိုင်မှု မရှိတော့တာပါဘဲ။ တကယ်တော့လည်း ၂၀၀၇ ဘဏ္ဍာရေးအကျပ် အတည်းမဖြစ်ခင် အချိန်အထိ ဒီဈေးနှုံးတွေကို ၀ေဖန်ပိုင်းခြား စမ်းစစ်မှုတွေလည်း ပညာရှင်အသိုင်းအ၀ိုင်း မှာကလွဲလို့ ဘဏ္ဍာရေးလောကမှာ မရှိခဲ့ပါဘူး။ ဘဏ္ဍာရေးလောကလူတော်တော်များများရဲ့ အတွေးထဲမှာ လည်း ဥာဏ်ကြီးရှင် ပညာရှင်တွေ ရေးဆွဲထားပုံသေနည်းတွေကို အလွန်အဆင့်မြင့်တဲ့ ကွန်ပျူတာတွေ သုံးပြီး သတ်မှတ်လိုက် တဲ့ ဈေးနှုံးတွေကို ရောင်းသူက ရောင်းပြီး ၀ယ်သူက ၀ယ်နေကြတော့ ဘာမှ ပြဿနာ မရှိဘူးလို့ဘဲ မှတ်ထင်ထားကြပြီး ကိုယ်အမြတ်ရဖို့ဘဲ အာရုံစိုက်နေကြတာပါ။ ဒီလိုနဲ့ပဲ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင် မှုတွေကို အခြေခံထားတဲ့ ဆင့်ပွားပစ္စည်းတွေရဲ့ ဈေးနှုံးတွေ ကမောက်ကမဖြစ်ပြီး နောက်ဆုံးမှာ ၂၀၀၇ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ခဲ့ရတာပါ။
တချို့လူတွေရဲ့အမြင်ကတော့ ဘလက်-ရှိုးလ်ညီမျှခြင်းဟာကမ္ဘာကြီးကို ပြောင်းလဲသွားစေခဲ့တယ် ဆိုတာပါဘဲ။ ဒါဖြစ်ရင် သင်္ချာပညာက ၂၀၀၇ ဘဏ္ဍာရေး အကျပ်အတည်းကိုဖြစ်စေခဲ့တယ်လို့ ကောက် ချက်ချနိုင်ပါသလား။ ပညာရှင်တယောက်ရဲ့ အမြင်ကတော့ အဓိကက ဘလက်-ရှိုးလ်ညီမျှခြင်းကို လွဲမှားတဲ့နေရာမှာ အသုံးချလို့ ပြဿနာတွေ ဖြစ်ရတာလို့ ဆိုပါတယ်။ ဒီအတွက် တီထွင်သူတွေကို အပြစ်မဖို့ သင့်ဘူးလို့ ဆိုပါတယ်။ သူကဆက်ပြီးတော့ပြောတာကတော့ ဘလက်-ရှိုးလ်ညီမျှခြင်းအပြင် အဲဒီ ညီမျှခြင်း ကိုအခြေခံပြီး ဖေါ်ထုတ်ခဲ့တဲ့ သင်္ချာပုံသေနည်းတွေ၊ နည်းစံနစ်တွေ မျိုးဆက်တဆက်စာလောက်ရှိသေး တယ် ဆိုတာပါဘဲ။ ဒါပေမယ့် ဘလက်-ရှိုးလ်ညီမျှခြင်းက ဒီလိုဖြစ်အောင် တံခါးကိုဖွင့်ပေးလိုက်တဲ့ အဓိက သင်္ချာပုံသေနည်းတွေထဲက တခုပါဘဲ။
ဘလက်-ရှိုးလ်ညီမျှခြင်းက ဘဏ္ဍာရေးလောကကို လူတွေရဲ့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှု၊ အတွေ့အကြုံ၊ ထိုးထွင်းဥာဏ် တွေကိုအသုံးပြုပြီး ရောင်း၀ယ်ဖေါက်ကားမှုပြုလုပ်တဲ့နေရာတခု အဖြစ်ကနေ ကွန်ပျူတာက အဆုံးအဖြတ်ပေးတဲ့ နေရာတခု အဖြစ်ကို ပြောင်းလဲစေခဲ့ပါတယ်။(ခုမြန်မာနိုင်ငံမှာ ပေါ်လာတော့မယ်ဆိုတဲ့ စတော့ ရှယ်ယာဒိုင်မှာ ၀င်ရောက် ဈေးကစားဖို့ပြင်ဆင်နေသူတွေအတွက် ဒီအကြောင်းကို သီးခြားခေါင်းစဉ် တခုအောက်မှာ ရေးပါအုန်းမယ်။) ဒါဆိုရင် ဖြစ်ပျက်ခဲ့တာတွေအတွက် ဘလက်-ရှိုးလ်ညီမျှခြင်းကို အပြစ်ပုံချမယ်ဆိုရင် တရားပါသလား။ ပါမောက္ခ ရှိုးလ်က ပြောတာကတော့ ဘလက်-ရှိုးလ် နည်းပညာမှာ တိတိကျကျသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ၊ လိုအပ်ချက်တွေ ရှိတယ် ဆိုတာပါဘဲ။ ဘလက်-ရှိုးလ်ညီမျှခြင်းရဲ့ အကျိုးဆက်ကြောင့် ရင်းနှီးမြုပ်နှံမှု ဘဏ်တွေက သင်္ချာပညာ၊ စာရင်းအင်းပညာတွေမှာ ကျွမ်းကျင်သူတွေကို ငှားရမ်းလာကြပြီး သူတို့ကိုယ်ပိုင် နည်းပညာတွေ၊ ပုံသေနည်းတွေ ဖေါ်ထုတ်လာကြတာလို့ ရှိုးလ်ကဆိုပါတယ်။ ဒါပေမယ့် ဒီနောက်လိုက် နည်းပညာတွေ အားလုံးဟာ အဆင့်မှီတာတွေချည်းဘဲမဟုတ်ဘူးလို့ ဆက်ပြောပါတယ်။ တချို့နည်းပညာတွေရဲ့ အခြေခံ ယူဆချက်တွေကမှားနေတယ်။ ဒါမှမဟုတ် အချက်အလက်တွေကို လွဲမှားစွာသုံးပြီး ပုံသေနည်း ကို ဖေါ်ထုတ်ထားတယ်၊ ဒါမှမဟုတ် မော်ဒယ်ကို အသုံးပြုတဲ့သူတွေက ဘယ်လိုသုံးရမှန်း မသိဘူး၊ စတဲ့ပြသနာတွေရှိတယ်လို့ ထောက်ပြပါတယ်။
ပါမောက္ခ ရှိုးလ်ရဲ့ အဆိုအရတော့ ဒီအခြေအနေကနေ နောက်ကြောင်းပြန်လှဲ့မှာ မဟုတ်တော့ပါဘူး။ အခြေခံအကျဆုံးအချက်ကတော့ အချက်အလက် နည်းပညာတွေအသုံးပြုမှုဟာ ဘဏ္ဍာရေးလောကမှာ ဆက်လက်ရှင်သန် နေဦးမှာ၊ ဆက်လက် ကြီးထွားနေဦးမှာ၊ အချိန်နဲ့အမျှ ဆင့်ကဲတိုးတက်နေဦးမှာ လို့ ဆိုကြောင်းပါ။
မှီငြမ်း။ ဘီဘီစီ ရေဒီယို(၄)အစီအစဉ် https://www.bbc.co.uk/news/magazine-17866646 ကိုဆီလျှော်အောင်ပြန်ဆိုပါသည်။
ဘဏ္ဍာရေးအကြပ်အတည်း (Financial Crisis) ကိုဖြစ်စေခဲ့တဲ့ သင်္ချာညီမျှခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.

Thursday 3 May 2012
အသေးစားစီးပွားရေးလုပ်ငန်းတခု စတင်ဖို့ ပြင်ဆင်ခြင်း (Preparing to set up a small business)
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခုကို စွန့်ဦးတည်ထွင်လုပ်ကိုင်ခြင်း (entrepreneurship) ဟာ ငွေကြေးအကျိုးအမြတ်သာမက၊ လွတ်လပ်မှုနဲ့ စိတ်ကျေနပ် ပျော်ရွင်မှုစတဲ့ ဆုလာဒ်တွေ အများကြီးရနိုင်ပါတယ်။ ဒါပေမယ့် သင်အနေနဲ့ လုပ်ငန်းမစခင်မှာ အရာရာကို ကြိုတင်ပြင်ပြီး လုပ်ငန်းစပြီဆိုတာနဲ့ စွဲစွဲနစ်နစ်နဲ့ ကိုယ့်အလုပ်ကို တစ်စိုက်မတ်မတ် လုပ်ဖို့လိုအပ်ပါတယ်။ လုပ်ငန်းတခုကို အစပြုပြီးတာနဲ့ နောက်ပြန်လှည့်ဖို့ မလွယ်တာကြောင့် လုပ်ငန်းမစခင်မှာ သင်ကိုယ်သင် အဆင်သင့် ဖြစ်မဖြစ် အချိန်ယူပြီး ဆုံးဖြတ်ပါ။ အလျှင်စလို မဆုံးဖြတ်ပါနဲ့။
သင်မှာ စွန့်ဦးတည်ထွင်လုပ်ကိုင်လိုစိတ် / လုပ်ကိုင်နိုင်စွမ်းရှိပါသလား
လုပ်ငန်း မစတင်ခင် ကိုယ့်မှာ စွန့်ဦးတည်ထွင်လုပ်ကိုင်လိုစိတ် / လုပ်ကိုင်နိုင်စွမ်း (entrepreneurship) ရှိ မရှိ စမ်းစစ်ပါ။ စီးပွားရေးလုပ်ရာမှာ သေချာပေါက်အောင် မြင်မယ်လို့ ယူဆလို့မရပါ။ အနည်း နဲ့ အများတော့ စွန့်စားရမှာဖြစ်ပါတယ်။ ရင်ဆိုင်ရမယ့် စွန့်စားမှုတွေကို လုံးလုံးလျားလျား ဖယ်ရှားပစ်လို့မရနိုင်ပေမယ့် သေသေချာချာ စီမံကိန်းချ ကြိုတင်ပြင်ဆင်ခြင်းဖြင့် လုပ်ငန်းအောင်မြင်နိုင်မယ့် အခွင့်အလမ်းတွေကို မြှင့်တင်နိုင်ပါတယ်။ ပထမ အဆင့်နေနဲ့ စီးပွားရေးလုပ်ငန်းငယ်တစ်ခုရဲ့ ပိုင်ရှင်သာမက လုပ်ငန်းကို စီမံခန့်ခွဲရမယ့် မန်နေဂျာလည်း ဖြစ်လာမယ့် ကိုယ့်မှာ ဘယ်လို အားသာချက်၊ ဘယ်လိုအားနည်းချက်တွေ ရှိတယ်ဆိုတာကို သုံးသပ်ရပါမယ်။
ဒီလို သုံးသပ်ဖို့အတွက် အောက်ဖေါ်ပြပါ မေးခွန်းတွေကို သေသေချာချာ စဉ်းစားပါ။
၁။ သင်ဟာ ထကြွ လုံ့လ ရှိသူ တစ်ယောက်ဖြစ်ပါသလား။
စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် အနေနဲ့ ကိုယ့်လုပ်ငန်းနဲ့ ပါတ်သက်သမျှ အစစ အရာရာ လုပ်ငန်းဆောင် တာ တွေအားလုံး ကိုယ့်တာ၀န် တွေပဲ ဖြစ်လာမှာပါ။
၂။ လူအမျိုးမျိုးနဲ့ လိုက်လျောညီထွေ ဆက်ဆံ နိုင်တဲ့ အရည်အချင်းရှိပါသလား။
စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ဖေါက်သည်၊ ပစ္စည်းရောင်းပေးသူ၊ ကိုယ့်ရဲ့၀န်ထမ်း၊ ဘဏ်မန်နေဂျာ၊ ရှေ့နေ၊ စာရင်းကိုင် အစရှိတဲ့ လူအမျိုးမျိုးနဲ့ လုပ်ငန်းသဘောအရ ဆက်ဆံရပါမယ်။ အလွန် ဈေးဆစ်တတ်တဲ့ ဖေါက်သည်၊ ကိုယ့်ပစ္စည်းဖိုး ပေးဖို့ကို နေ့ရွှေ့ရက်ရွှေ့ ခဏခဏလုပ်နေတဲ့ ပစ္စည်းရောင်းပေးသူ စတာတွေကို ကိုယ့်စီးပွားရေးအတွက် သည်းခံပြီး ဆက်ဆံနိုင်ပါသလား။
၃။ ဆုံးဖြတ်ချက် ကောင်းကောင်း ချနိုင်သူတစ်ယောက်ဖြစ်ပါသလား။
စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဟာ ဆုံးဖြတ်ချက်တွေ အမြဲချနေရမှာဖြစ်ပြီး၊ အဲဒီ ဆုံးဖြတ်ချက်တွေကို လည်း ကိုယ့်တယောက်ထည်း ဖိအားတွေအောက်ကနေ မြန်မြန်ဆန်ဆန်ချဖို့ လိုအပ်လေ့ရှိပါတယ်။
၄။ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်ဖို့ သင်ဟာ စိတ်ရော ကိုယ်ပါ ကြံခိုင်ပါရဲ့လား။
စီးပွားရေးလုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ရတာ စိတ်လှုပ်ရှားစရာပါ၊ ဒါပေမဲ့ လုပ်စရာတွေလဲ အများကြီးပါဘဲ။ တစ်ရက်ကို ၁၂ နာရီနဲ့ ၇ ရက်လုံးလုံး လုပ်ဖို့လိုအပ်လာရင် သင်လုပ်နိုင်ပါသလား။
၅။ သင်ဟာ စည်းစံနစ်ကျကျနဲ့ ရှေ့ရေးကို ကြိုတင်ပြင်ဆင်နိုင်သူတစ်တယောက်ဖြစ် ပါသလဲ။
သုတေသနတွေ့ရှိချက်တွေအရ စီးပွားရေးလုပ်ငန်းမအောင်မြင်မှု တော်တော်များများရဲ့ အကြောင်းရင်းဟာ ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းကြောင့်ဖြစ်ပါတယ်။ ရင်ဆိုင်ရမည့် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အတွက် ငွေရေးကြေးရေး၊ ကုန်ပစ္စည်း အ၀င်အထွက်၊ လုပ်ဆောင်ရမည့်အချိန်ဇယားစတာတွေမှာ စည်းစံနစ် ရှိရပါမယ်။
၆။ သင်မှာ ခိုင်မာတဲ့ သံဌိဒါန်ရှိပါရဲ့လား။
စီးပွားရေးလုပ်ငန်းတစ်ခုကို လည်ပတ်ရတာ အင်မတန်မှ စိတ်ဖိစီးမှု များပါတယ်။ တစ်ချို့ စီးပွားရေးလုပ်ငန်း ရှင်တွေဟာ လုပ်ငန်းအောင်မြင်ဖို့ ကိုယ်တစ်ယောက်တည်း ရုန်းကန်ရတဲ့အတွက် စိတ်ပင်ပန်းနွမ်းနယ်ပြီး လုပ်ငန်းအပေါ် စိတ်၀င်စားမှု လျော့ပါးသွားတတ်ပါတယ်။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းအပေါ်မှာ စိတ်အား ထက်သန်မှုရှိမှသာ ဒီလိုဖြစ်ရပ်မျိုးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
၇။ သင်ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းက သင်မိသားစုအပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှာလဲ။
လုပ်ငန်းအစပိုင်းနှစ်တွေဟာ မိသားစုရှိတဲ့သူတွေအတွက် ခက်ခဲကြမ်းတမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်အတွင်းမှာ မိသားစု၀င်တွေက သင်အပေါ်ကို နားလည်ဖို့၊ သင်ကလည်း မိသားစုရဲ့ ကိုယ့်အပေါ် ယုံကြည်ဖေးကူမှုကိုရဖို့ အရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းက အမြတ်မပေါ်ခင် စပ်ကြားမှာ ငွေကြေး အခက်အခဲလည်း တွေ့နိုင်ပါတယ်။ ဒီလို အခက်အခဲမျိုးဟာ လချီ၊ နှစ်ချီ ကြာနိုင်တာမို့ မိသားစုအနေနဲ့ ချိုးချံ ချွေတာရတာတွေ၊ မိသားစုလက်ငုတ်လက်ရင်း ပစ္စည်းတွေကို ပေါင်နှံရောင်းချရတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။
ဘာကြောင့် အသေးစား စီးပွားရေးလုပ်ငန်း တွေမအောင်မြင်ရတာလဲ။
မကြာသေးခင်က ကုလသမဂ္ဂ (UN) မှပြုလုပ်တဲ့ သုတေသနတစ်ခုမှာတွေ့ရှိချက်အရ ပျမ်းမျှအားဖြင့် နိုင်ငံ တစ်နိုင်ငံရှိ အလုပ်အကိုင် ၆၆% ကျော်ဟာ အလုပ်သမား ၅ ယောက်ကနေ ၂၅၀ အတွင်းမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေမှာ လုပ်ကိုင်နေတာပါ။ ဒါပေမယ့် ဒီလုပ်ငန်းတွေထဲ က တော်တော်များများဟာ အစောပိုင်းနှစ်တွေမှာပဲ ပျက်သုဉ်းသွားကြပါတယ်။ စီးပွားရေးလုပ်ငန်းမှာ
အောင်မြင်မှုဆိုတာ အလိုအလျှောက် ဘယ်တော့မှဖြစ်မလာပါဘူး။ အောင်မြင်မှုဟာ ကံအကြောင်း တရားပေါ်မှာ ဘဲ လုံးလုံးလျှားလျှား တည်နေတာလည်း မဟုတ်ပါဘူး။ တကယ်တမ်းတော့ စီးပွားရေး လုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုဟာ ပိုင်ရှင်ရဲ့ အမျှော်အမြင်ကြီးမှုနဲ့ ဦးဆောင်နိုင်မှုပေါ်မှာ အခြေတည်တာပါ။ ဒါပေမယ့် ကံမရှိ ဥာဏ်ရှိတိုင်းမွဲ ဆိုတဲ့ စကားလိုပဲ၊ အရာရာကို တထစ်ချ ပြောလို့တော့မရပါဘူး။
အသေးစား စီးပွားရေး တစ်ခုကို စတင်ထူထောင်ရတာ စွန့်စားရမှုများပြီး အောင်မြင်နိုင်မယ့် အခွင့်အလမ်း က နည်းပါတယ်။ အမေရိကန် အသေးစား စီးပွားရေးအသင်းရဲ့အဆိုအရ လုပ်ငန်း တစ်၀က်လောက်ဟာ ပထမ ၅ နှစ် အတွင်းမှာပဲ ရပ်ဆိုင်းသွားလေ့ရှိပါတယ်။
ပညာရှင်ေတွရေးသားတဲ့ အသေးစား စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုစာအုပ်တွေ မှာ အသေးစား စီးပွားရေးလုပ်ငန်း တစ်ခု မအောင်မြင်ရတဲ့ အကြောင်းရင်းတွေကို အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။
- လုပ်ငန်းအတွေ့အကြုံမရှိခြင်း
- ငွေကြေးအရင်းအနှီး မလုံလောက်ခြင်း
- လုပ်ငန်း တည်နေရာ အကွက်အကွင်း မကောင်းခြင်း
- ကုန်ကြမ်းပစ္စည်း၊ ကုန်ချော တွေကို ကောင်းကောင်းမထိမ်းသိမ်းနိုင်ခြင်း
- စက်ကိရိယာ၊ အဆောက်အဦး စသည့် အခြေပစ္စည်းများတွင် မလိုအပ်ဘဲ လွန်ကဲစွာမြုပ်နှံခြင်း
- ပေးရန်၊ ရရန်များကို အလျှင်မှီအောင် ကောင်းစွာ မစီမံနိုင်ခြင်း
- လုပ်ငန်းလည်ပါတ်ရန်ထားသည့်ငွေကို ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် သုံးခြင်း
- မမျှော်လင့်ဘဲ လုပ်ငန်းက (ပိုင်ရှင်လုပ်ကိုင်နိုင်စွမ်းရှိသည်ထက်)လျှင်မြန်စွာတိုးတက်လာခြင်း
- ပြိုင်ဆိုင်မှု ပြင်းထန်ခြင်း
- ဈေးကွက်ဝင်သည့် ပစ္စည်း မထုတ်လုပ်နိုင်ခြင်း တို့ဖြစ်ပါတယ်။
အထက်မှာ ဖေါ်ပြခဲ့တဲ့အတိုင်းစီးပွားရေးလုပ်ငန်း တစ်ခုကို စတင်ထူထောင်ဖို့ စဉ်းစားစရာအချက်တွေ အများကြီးရှိပေမယ့် တကယ်လို့ သင်ကသာ အရည်အချင်းပြည့်စုံတဲ့ စွန့်ဦးတည်ထွင်သူတစ်ဦးဖြစ်ရင်တော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုက ရရှိလာ အကျိုးကျေးဇူးတွေက တွေ့ကြုံရမယ့် အခက်အခဲတွေထက် အများကြီး သာလွန်ပါတယ်။
- ကိုယ်သာလျှင် ကိုယ့်အလုပ်ရှင်ဖြစ်လာမှာပါ။
- ကိုယ်ကြိုးစားရင်ကြိုးစားသလောက် ရလာသမျှ အကျိုးအမြတ်တွေဟာ ကိုယ့်အတွက်ပါဘဲ။ တစ်ခြား သူ အတွက်မဟုတ်ပါဘူး။
- ၀င်ငွေနဲ့ လုပ်ငန်းတိုးတက်မှု အလားအလာ လွန်စွာကြီးပါတယ်။
- လုပ်ငန်းသစ်တစ်ခုကို စတင်ရတာ စွန့်စားရမှုများသလို စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။
- စီးပွားရေး လုပ်ငန်း တစ်ခုကို ဦးဆောင်ရတာ မဆုံးနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ကြုံရမှာဖြစ်သလို၊ ပညာရပ် အသစ်တွေကို သင်ယူဖို့ အခွင့်အလမ်းကောင်းလည်း ဖြစ်ပါတယ်။
ရင်းမြစ်။ ။ http://www.sbaonline.sba.gov/smallbusinessplanner/index.html မှအချက်အလက်များကို ဆီလျော်အောင်ပြန်ဆိုပါသည်။
အသေးစား စီးပွားရေးလုပ်ငန်းတခု စတင်ဖို့ ပြင်ဆင်ခြင်း by မြင့်မိုးချစ် is licensed under a Creative Commons Attribution-NonCommercial-ShareAlike 4.0 International License.
Subscribe to:
Posts (Atom)