Tuesday, 6 May 2014

စာဖတ်သူများသို့

၂၀၁၃ ခုနှစ် စက်တင်ဘာလမှစ၍ အလုပ်အပြောင်းအရွှေ့ကိစ္စဖြင့် မအားလပ်သဖြင့် ဆောင်းပါးအသစ် မတင်ဖြစ်ခဲ့ပါ။ ဤကာလအတွင်း အီးမေးလ်မှ တဆင့် ဆောင်းပါးအသစ်တင်ရန် အားပေး တိုက်တွန်းကြသော စာဖတ်သူများကို အထူးကျေးဇူးတင်ရှိပါသည်။ ယခင် စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်း တခုတွင် လုပ်ကိုင်နေရာမှာ အခြားအာရှနိုင်ငံတခုရှိ ဗြိတိသျှတက္ကသိုလ် တခုသို့ ပြောင်းရွှေ့ခြင်းဖြစ်ပါသည်။ အလုပ်စဝင်သည့် အချိန်မှာ ဒုတိယနှစ်ဝက် သင်တန်းများစသည့် အချိန်ဖြစ်သည့်အတွက် ရောက်ရောက်ချင်း သင်ရိုးညွှန်းတန်းရေးဆွဲခြင်း၊ စာမေးပွဲမေးခွန်း ပြင်ဆင်ခြင်း စသည့်အလုပ်များ နှင့် ဆောင်းပါးအသစ် မတင်နိုင်ဖြစ်ရပြန်ပါသည်။ ယခုအပါတ်မှစ၍ စာသင်ချိန်များ ပြီးဆုံးသွားပြီဖြစ်သည့် အတွက် ဆောင်းပါးအသစ်များတင်နိုင်အောင် ကြိုးစားသွားပါမည်။ ဆောင်းပါးအသစ်မတင်မီ ဇော်ဂျီ စာလုံးလက်ကွက်ကို အသုံးပြုပြီးရေးထားခဲ့သည့် ယခင်ဆောင်းပါးများကို အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်ဖြစ်သည့် ယူနီကုဒ်စံနစ်နှင့် ကိုက်ညီသော မြန်မာ၃ (Myanmar3) စာလက်ကွက်ကို အသုံးပြုထားသည့် ဆောင်းပါးများအဖြစ်သို့ ပြောင်းလဲနေပါသည်။


ဆောင်းပါးများကို ဖတ်ရှုရန်အတွက် စာဖတ်သူ၏ ကွန်ပျူတာ၊ စမတ်ဖုန်း၊ တတ်ဘလက် စသည်တို့တွင် မြန်မာ၃ (Myanmar3)စာလုံး သွင်းထားရန်မလိုအပ်ပါ။ အထူးသဖြင့် မြန်မာစာလုံးသွင်းရန်ခက်ခဲသော Windows Mobile Phone, Windows RT Tablet, iPhone, iPad များပေါ်တွင် လွယ်ကူစွာ ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ Android စံနစ်သုံး စမတ်ဖုန်းနှင့် တတ်ဘလက် အသုံးပြုသူများအနေနှင့် ဖုန်းတွင်မူလပါသော Google Chrome အင်တာနက် ဘရောက်ဇာ အစား Firefox အင်တာနက် ဘရောက်ဇာကို အသုံးပြု၍ ဖတ်ရှုနိုင်ပါသည်။


ဤသို့ စာလုံးပြောင်းလဲနေသည့်ကာလ တရက်နှစ်ရက်အတွင်း အချို့ဆောင်းပါးများကို ဖတ်ရှု၍မရ ဖြစ်နိုင်သော်လည်း ပြီးစီးသွားပါက ဤဘလော့မှ ဆောင်းပါးများကို စာဖတ်သူ၏ ကွန်ပျူတာ၊ စမတ်ဖုန်း စသည်တို့တွင် မြန်မာစာလုံး သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်မည်ဟု မျှော်လင့်ပါသည်။ အကယ်၍ ဖတ်ရှုမရပါက administrator@myanmar-smallbusiness.org (သို့မဟုတ်) ကွန်မင့်ဘောက် မှတဆင့် ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Myanmar3 ယူနီကုဒ် စာလုံးကို လိုအပ်ပါက အောက်ဖေါ်ပြပါဝက်ဆိုဒ်လင့်မှ ရယူနိုင်ပါသည်။  

No comments:

Post a Comment