Monday, 25 February 2013

စီးပွားရေးလုပ်ငန်းတခုကိုစတင်ခြင်း သင်တန်းနှင့်ပါတ်သက်သည့် မေးခွန်းလွှာ

ယခင်လတွင်ဖေါ်ပြခဲ့သော စီးပွားရေးလုပ်ငန်းပုံစံဖေါ်ဆောင်ခြင်း (Business Model Generation)ပေါ် တွင်အခြေခံထားသည့် စီးပွားရေးလုပ်ငန်းသစ်တခု စတင်ခြင်းနှင့် ပါတ်သက်သည့် သိမှတ်ဖွယ်ရာများကို အင်တာနက်မှတဆင့် မြန်မာဘာသာဖြင့် မျှဝေတင်ဆက်ပေးမည့် သင်တန်းတခု စီစဉ်နေပါသည်။ သင်ခန်းစာ ပို့ချချက်များကို ယူကျူ့ပေါ်တွင် ဗွီဒီယိုဖိုင်အဖြစ်တင်ပြီး၊ သင်ခန်းစာနှင့်ပါတ်သက်သည့် မေးခွန်းလွှာများကို အင်တာနက်မှတဆင့် ဖြေဆိုနိုင်ရန် စီစဉ်နေပါသည်။ ဤသင်တန်းနှင့် ပါတ်သက်၍ စာဖတ်သူများ၏ အကြံပြုချက်များကို သိရှိလိုပါ၍ မေးခွန်းလွှာတခု စီစဉ်ထားပါသည်။ စာဖတ်သူများ၏ စိတ်ပါဝင်စားမှု၊ အကြံပြုချက်၊ အင်တာနက်ကွန်နက်ရှင်းအခြေအနေ စသည်တို့ကို အချိန် ၅ မိနစ်ခန့်ပေး၍ ဖြေဆိုပေး ပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ ဖြေဆိုသူ၏ အမည်၊ အီးမေးလိပ်စာ စသည်တို့ မလိုအပ်ပါ။

ဒီအွန်လိုင်းသင်တန်းမှာ လေ့လာဖို့ စီးပွားရေးလုပ်ငန်းလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ၊ စီမံခန့်ခွဲမှုနဲ့ပါတ်သက်တဲ့ ဗဟုသုတ စတာတွေရှိဖို့ မလိုအပ်ပါ။ စီးပွားရေးလုပ်ငန်းသစ် စတင်ဖို့ စိတ်ကူးရှိတယ်ဆိုရင် ဒီသင်တန်းမှာ ဆွေးနွေးတင်ပြမယ့် အချက်တွေက အသုံးဝင်ပါလိမ့်မယ်။ စာရေးသူ၏ရည်ရွယ်ချက်မှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရေးတို့ အတွက် လိုအပ်မည့် စီမံခန့်ခွဲမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ နည်းစံနစ်များကို တတ်စွမ်းသမျှ ရှာဖွေတင်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ထိုသို့ ရှာဖွေတင်ဆက်ရာတွင် ပုံမှန်သမရိုးကျစီမံခန့်ခွဲမှု သင်တန်းမျာကဲ့သို့ သီအိုရီများပေါ်တွင် အခြေမပြုဘဲ၊ လက်တွေ့ လုပ်ငန်းခွင်တွင် အသုံးဝင်မည့် အချက်များကို ရှာဖွေတင်ဆက်သွားပါမည်။  ပထမ သင်ခန်းစာကို Udacity အွန်လိုင်းတက္ကသိုလ်မှ Steve Blank   ပို့ချသော How to Build a Startup  နှင့် Alexander Osterwalde ၏ Business Model Generation စာအုပ်ပေါ်တွင် အခြေခံထားပါသည်။
ဒီသင်တန်းရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းသစ်တခုကို တည်ဆောက်နိုင်ဖို့ (ဒါမှမဟုတ် ဆုံးရှုံးမဲ့အလားအလာကိုလျှော့ချနိုင်ဖို့)အရေးပါတဲ့ အချက်တွေကို ဆွေးနွေးပို့ချပေးရန်နှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် မိမိအကောင်အထည်ဖေါ်ရန် ကြံစည်နေသည့် လုပ်ငန်းသစ်အတွက်် စီးပွားရေးလုပ်ငန်းပုံစံတခုကို စံနစ်တကျ ဖေါ်ထုတ်နိုင်ရန် ဖြစ်ပါတယ်။
သင်ခန်းစာ (၁) နဲ့ပါတ်သက်တဲ့ ပို့ချချက်အကျဉ်းချုပ်ကို ဤနေရာကို ကလစ်လုပ်၍ ရယူနိုင်ပါတယ်။ သင်တန်းစတင်တဲ့အခါမှာတော့ ဒီပို့ချချက်နဲ့ပါတ်သက်တဲ့ ရှင်းလင်းတင်ပြချက်တွေကို ယူကျူ့ဗွီဒီယိုအနေနဲ့ တင်ထားပေးပါမယ်။

ယခုပို့ချမယ့် သင်တန်းအပြီးမှာ အောက်ဖေါ်ပြပါ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဆက်လက်တင်ပြသွားရန် ရည်ရွယ်ထားပါတယ်။

  • လက်ရှိစီးပွားရေးလုပ်ငန်းတခုကို တိုးတက်အောင်မြင်အောင် စီမံခန့်ခွဲခြင်း (How to grow your existing business) 
  • ဘဏ္ဍာရေး စီမံခန့်ခွဲမှု (Financial management)
  • အချက်အလက်များကို အသုံးပြု၍ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ခြင်း(Statistics for Business Decision Making) 
  • စီမံခန့်ခွဲမှုဆိုင်ရာ ဘောဂဗေဒ (Managerial Economics)

ဤသင်တန်းများနှင့် ပါတ်သက်၍ စာဖတ်သူများ၏ အကြံပြုချက်များကို သိရှိလိုပါ၍ မေးခွန်းလွှာတခု စီစဉ်ထားပါသည်။ စာဖတ်သူများ၏ စိတ်ပါဝင်စားမှု၊ အကြံပြုချက်၊ အင်တာနက်ကွန်နက်ရှင်းအခြေအနေ စသည်တို့ကို အောက်ဖေါ်ပြပါ အင်တာနက်လိပ်စာမှတဆင့် ဖြေဆိုပေး ပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ ဖြေဆိုသူ၏ အမည်၊ အီးမေးလိပ်စာ စသည်တို့ မလိုအပ်ပါ။

မေးခွန်းလွှာကိုဖြေဆိုရန်ဤနေရာကိုကလစ်လုပ်ပေးပါ။

ဖြေဆို၍ပြီးစီးပါက မေးခွန်းလွှာစာမျက်နှာ အောက်ညာဖက်ထောင့်ရှိ "Finish Survey" ကိုကလစ်လုပ်ပေးပါ။  မေးခွန်းတွေကို ဖြေဆိုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ အခြားသိရှိလိုသည့် အချက်များကို အောက်ပါ ကွန်မင့်ဘောက်မှဖြစ်စေ၊ administrator@myanmar-smallbusiness.org သို့ အီးမေးပေးပို့၍ဖြစ်စေ ဆက်သွယ်မေးမြန်း အကြံပြုနိုင်ပါတယ်။


© Myint Moe Chit, 2013. 

No comments:

Post a Comment